ရနံတင်ပို့ရေ နိုင်ငံတိနန့် ရနံစျီးတိကို စနစ်တကျ ဆွေးနွေးနိုင်ဖို့၊ “ရနံဝယ်သူတိ ကလက်ဘ်” ‘oil buyers’ club’ လုပ်ဖို့ တရုတ်နိုင်ငံနန့် အိန္ဒိယနိုင်ငံရို့ ဆွေးနွေးနိန်ကတ်ပါရေ။
ကဗာ့ရနံစျီးကွက်နန့် စျီးနှုန်းတိကို ဟိုဆွဲဒေဆွဲ လုပ်တတ်တေ၊ ရနံထုတ်နိုင်ငံတိအဖွဲ့ အိုပတ် (OPEC) က ထိန်းချုပ်မှုကို ချော့ချဖို့အတွက်၊ အမေရီကန်ပြည်ထောင်စုက ရနံစိမ်းတိကို ပိုဝယ်သွင်းဖို့ စဥ်းစားနိန်ရေလို့ အိန္ဒိယနိုင်ငံ ရနံဝန်ကြီးက ဗြီးခရေ ဗုဒ္ဓဟူးနိက ပြောလိုက်ပါရေ။
“ရနံထုတ်တေ လူတိဂုဏ်း အိုပတ် (OPEC) က စျီးနှုန်းကဇတ်စွာကို ထိန်းဖို့၊ တရုတ်နန့် အိန္ဒိယက “ရနံဝယ်သူတိ ကလက်ဘ်” ကို ဖန်တီးဖို့ ဆွေးနွေးနိန်ကတ်ပါရေ။ ရနံရောင်းသူတိနန့် ပိုကောင်းရေ သတ်မှတ်ချက်တိ ထားနိုင်ဖို့နန့်၊ ရနံစျီးကွက် လွှမ်းမိုးစွာကို ချော့ချဖို့အတွက်၊ အမေရီကန်ပြည်ထောင်စုက ရနံစိမ်းတိ ပိုတင်သွင်းနိုင်ဖို့အတွက်ပါ။” လို့ အိန္ဒိယနိုင်ငံ ရနံဝန်ကြီး တွဲ့တ်တာ (Twitter) အကောင့်မှာ ဖော်ပြထားပါရေ။
ရနံစျီးတိ တရိပ်ရိပ် တက်လာစွာက ရနံသွင်းရေနိုင်ငံတိ စီးပွားရေးကို ထိခိုက်တေလို့ အိန္ဒိယနိုင်ငံက ထောက်ပြပါရေ။
နောက်အပတ် ဗီယင်နာမြို့ (Vienna) မှာ ကျင်းပဖို့၊ ၇ ကြိမ်မြောက် အိုပတ် နိုင်ငံတကာ ဆွေးနွေးပွဲ (7th OPEC International Seminar) မှာ၊ အိုပတ် အထွေထွေအတွင်းရေးမှူးနန့် ဝန်ကြီးတိကို အိန္ဒိယရနံဝန်ကြီး ဒါမန္ဒြာ ပရာဒန် (Dharmendra Pradhan) က လားတွိပနာ၊ ရနံစျီးကွက်နန့် စျီးနှုန်းတိကို ဆွေးနွေးလားဖို့လို့လည်း အိန္ဒိယနိုင်ငံ အစိုးရက အေနိ ဖော်ပြထားပါရေ။