အမေရီကန် စီးပွားရေး ပိတ်ဆို့ဖို့စွာကို အံတုပနာ အိန္ဒိယက ရာရှားဘားက S-400 ၅ စုံ ဝယ်

FILE PHOTO: A Russian S-400 anti-aircraft missile launching system © Alexander Nemenov / AFP
FILE PHOTO: A Russian S-400 anti-aircraft missile launching system © Alexander Nemenov / AFP

ရာရှားနိုင်ငံက နောက်ဆုံးထုတ် S-400 လေကြောင်းကာကွယ်ရေးစနစ် ၅ စုံ ဝယ်ဖို့၊ အိန္ဒိယအစိုးရနန့် ရာရှားအစိုးရ၊ စာချုပ် ချုပ်ဆိုကတ်တေလို့၊ ရာရှားသမ္မတနန်းတော် ခြိမ်လိန်(Kremlin)က အတည်ပြုပါရေ။

အမေရီကန်ပြည်ထောင်စု အစိုးရက၊ ဝယ်ကေ စီးပွားရေး ပိတ်ဆို့ဖို့ အလားအလာ အများကြီး ရှိရေလို့၊ သတိပီးနိန်ရေ ကြားက၊ အိန္ဒိယနိုင်ငံက အမေရီကန်ဒေါ်လာ ၅.၄၃ ဘီလီယံ တန်ဖိုးရှိရေ၊ မြေပြင်က လေပြင်ပစ် S-400 လေကြောင်းကာကွယ်ရေးစနစ် ၅ စုံ ဝယ်ဖို့ စာချုပ် ချုပ်ဆိုကတ်စွာပါ။

အေစာချုပ်ကို၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ၊ ရာရှားသမ္မတ ဗလာဒီမာ ပူတိန် နန့်၊ အိန္ဒိယဝန်ကြီးချုပ် နရနြ္ဒာ မိုဒီ ရို့ တွိဆုံပွဲ အဗြီးမှာ ချုပ်ဆိုကတ်စွာပါ။

အေနောက်ဆုံးပေါ် S-400 ကာကွယ်ရေးစနစ်က လီထဲက လာရေ၊ ဇာအရာကိုမဆို ပစ်ချနိုင်စွမ်း ရှိပါရေ။ ရာရှားထုတ် S-400 လေကြောင်းကာကွယ်ရေးစနစ်ကို ပထမဆုံး ဝယ်ရေ နိုင်ငံက၊ တရုတ်နိုင်ငံပါ။ အမေရီကန်ပြည်ထောင်စု အစိုးရက ကျင့်သုံးနိန်ရေ၊ အမေရီကား အကျိုးကို ဆန့်ကျင်လို့ တန်ပြန် စီးပွားရေး ပိတ်ဆို့ရေ ဥပဒေ (Countering America’s Adversaries Through Sanctions Act (CAATSA))ကို မျက်ကွယ်ပြုပနာ အိန္ဒိယ အစိုးရက အရဲစွန့် ဝယ်လိုက်စွာပါ။

ဂေါင်းဆောင် နှစ်ယောက် တွိဆုံပနာ၊ အာကာသ လုပ်ငန်းတိအတွက်လည်း စာချုပ်တိ ချုပ်ကတ်တေလို့ ဆိုပါရေ။ တွိဆုံမှုအဗြီး သတင်းစာ ရှင်းလင်းပွဲမှာ၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က ၂၀၂၂ ခုနှစ် အာကာသထဲကို အိန္ဒိယ အာကာသယာဉ်မှူးတိ လွတ်တင်ဖို့စွာမှာလည်း၊ ရာရှား အကူအညီကို ရယူလားဖို့လို့ ဆိုပါရေ။ တွိဆုံပွဲမှာ ဒေသလုံခြုံရေး၊ ဆီးရီးယားက အစွမ်းရောက်တိ တန်ပြန်စစ်ဆင်ရေးနန့်၊ အီရန် နြူးကလီးယားအရေးတိကိုပါ ဆွေးနွေးလားကတ်တေလို့ ဆိုပါရေ။

မိုဒီက အိန္ဒိယနိုင်ငံစွာ စွမ်းအင်အရေးနန့်၊ နိုင်ငံ့ဉီးတည်ချက်တိမှာ ရာရှားနန့် ပက်ခုံးချင်း ယှဉ်ပနာ အနီးကပ် ဆက်ဆံလားဖို့လို့ ပြောကြားလားပါရေ။