ကျွန်တော်ရို့ကို အပူရှိန်နန့် အလင်းရောင် ပီးနိန်ရေ၊ နီမင်းကြီးနန့် ထပ်တူ တူရေ နီအမွှာ တစင်းကို၊ နိုင်ငံတကာသိပ္ပံပညာရှင်တိနန့်၊ နက္ခတ်ဗေဒပညာရှင်တိက ရှာတွိလိုက်တေအတွက်၊ သတ္တဝါတိ အသက်ရှင်နိုင်ရေ ကဗာကြီး နောက်တခုလည်း ရှိလာနိုင်ရေလို့ ယူဆလာကတ်ပါရေ။
စကြာဝဋာထဲက ခန့်မှန်းခြေ ဂြိုလ် ၈၅% လောက်စွာ၊ ဂြိုလ် စဖြစ်စမှာ၊ တခုခုက ပေါက်ကွဲပနာ၊ ခွဲထွက်လာကတ်စွာဖြစ်လို့၊ နှစ်လုံးတွဲ၊ သုံးလုံးတွဲ၊ လေးလုံးတွဲ အတွဲလိုက်ကနိန်၊ အမှုန်အဝါး အစအန ထောင်ချီပနာထိ၊ ပြန့်ကြဲပနာ အမွှာတိ ရှိနိန်တတ်ကတ်ပါရေ။
နောက်ဆုံးပေါ် နည်းပညာနန့်၊ အီးအတ်ဆ်အေက ဂျီအေအိုင်အေ(ESA’s GAIA) နက္ခတ်ဗေဒ အချက်အလက်တိကို အခြေခံပနာ၊ လက်ရှိ နီမင်းကြီးကနိန်၊ အလင်းနှစ် ၁၈၄ အကွာအဝီးမှာ၊ နီမင်းကြီး အမွှာတလုံး တွိရေလို့၊ ပေါ်တူဂဲလ်နိုင်ငံ(Portugal)၊ အိုင်အေ နက္ခတဗေဒအဖွဲ့(Instituto de Astrofísica e Ciências do Espaço (IA) သိပ္ပံပညာရှင်တိက၊ ကြေငြာလိုက်ပါရေ။
နီမင်းကြီးပိုင်၊ HD186302 ဂြိုလ်စွာလည်း၊ ဂျီအမျိုးအစား(G-type) ဖြစ်ပနာ၊ ဗဟိုပြု ဝန်းရံခံနိန်ရရေ ဂြိုလ်တလုံး(main-sequence star) ဖြစ်တေလို့ ဆိုပါရေ။ ကျွန်တော်ရို့ နီမင်းကြီးထက်၊ တစိချေ ပိုကြီးပနာ၊ မျက်နှာပြင်က အပူရှိန်နန့်၊ အလင်းထုတ်စွာလည်း အတူတူ ဖြစ်ဗျာလ်၊ ဓါတုဖွဲ့စည်းပုံနန့်၊ သက်တမ်း နှစ်သန်းပေါင်း ၄,၅၀၀ ရှိစွာလည်း အတူတူလို့ ဆိုပါရေ။
နီ အရွယ်အစား၊ အပူရှိန်၊ အလင်း၊ ဓါတုဖွဲ့စည်းပုံတိက၊ ကဗာကြီးမှာ သတ္တဝါတိ အသက်ရှင် ဖြစ်တည်လာဖို့ ဖန်တီးလာစွာပါ။
“နီအမွှာမှာ ကျောက်တိနန့် ဖွဲ့ထားရေ ဂြိုလ်ရံလတစင်း ရှိပနာ၊ သတ္တဝါတိ အသက်ရှင်ဖို့ နိန်ရာတိနန့်၊ ကဗာကြီးက မျိုးစတိရာ ပြန့်ကျန်ခဖို့ဆိုကေ၊ ဒုတိယ နီမင်းကြီး ၂.၀ နန့် ဒုတိယ ကဗာကြီး ၂.၀ ကို ကျွန်တော်ရို့ အိမ်မက် မက်နိုင်ပါဗျာလ်။” လို့ အိုင်အေက နက္ခတ်ဗေဒပညာရှင် ဗာဒန် အဒီဘီကျန်(Vardan Adibekyan)က ပြောလားပါရေ။
၂၀၁၄ ခုနှစ်မှာ နီအမွှာ(HD162826) တလုံးကို ရှာတွိခကေလည်း၊ ယင်းနီအမွှာက ကျွန်တော်ရို့ နီမင်းကြီးထက် ၁.၇ ဆ ပိုကြီးပနာ၊ အပ်ဖ်-အမျိုးအစားဂြိုလ်(F-type star) ဖြစ်တေအတွက်၊ အရောင်က အပြာကနိန် အဖြူရောင်ထိ ရှိနိန်တတ်ပါရေ။ အလင်းနန့် အပူရှိန်ကလည်း ကျွန်တော်ရို့ နီမင်းထက် ပိုပနာ ထုတ်လွှတ်ပါရေ။
အဂု အိုင်အေက သိပ္ပံပညာရှင်တိက၊ အသစ်တွိရေ နီမင်းကြီး အမွှာနားမှာ၊ ကဗာကြီးအမွှာကိုလည်း ဆက်ပနာ ရှာနိန်ကတ်ပါရေ။