အခေါက် အကိုင်းဆက်နည်းကို အင်္ဂလိပ်ပိုင် Bark Grafting လို့ ခေါ်ပါရေ။
အဆင့် – ၁ ကိုင်းဆက်ခံဖို့ အပင်နန့် လားဆက်ဖို့ အပင်ကို ရွီးပါ
ကိုင်းဆက်ခံဖို့ အပင်နန့် လားဆက်ဖို့ အပင် နှစ်ပင်လုံးစွာ သန်သန်စွမ်းစွမ်း ဖြစ်ရပါဖို့။
ရောဂါ ဖြစ်နိန်ရေ အပင်မျိုး မဖြစ်ပါဇီကဲ့။
လားဆက်ဖို့ အပင်စွာ အကိုင်းတက် အသစ်တိ ထွက်နိန်ဗြီးသား မဖြစ်ရပါ။
လားဆက်ဖို့ အပင်က အကိုင်းသစ် ထွက်ဖို့ ဘု အတက်ချေ ၄ – ၅ တက်ပါရေ၊ ၁ ပေ အရှည် အကိုင်း ၂ ကိုင်း လိုပါရေ။
လားဆက်ဖို့ အပင်နန့် အဆက်ခံဖို့ အပင်ကို တပြိုင်တည်း မဖြတ်ပါကဲ့။
- အဆက်ခံဖို့ အပင်မှာ ဖြောင့်တန်းနိန်ပနာ မတ်မတ် ထောင်နိန်ရေ အချင်း ၁ လက်မ – ၂ လက်မ အရွယ်အစားရှိရေ အကိုင်းတိ ရှိဖို့ လိုပါရေ။
- အခေါက်အကိုင်းဆက်နည်းကို အခေါက်တိ အလွယ်တကူ ကွာတတ်တေ နွီရာသီမှာ လုပ်ကတ်စွာ များပါရေ။
- ရိုးတံ အကိုင်းဆက်နည်း လုပ်ဖို့ ကိုင်းဆက်ခံအပင် အရွယ်အစားက ကကောင်း ကြီးလားရေဆိုခါ အခေါက်အကိုင်းဆက်နည်းကို လုပ်တတ်ကတ်ပါရေ။
အဆင့် – ၂ ကိုင်းဆက်ခံဖို့ အပင်ကို ဖြတ်ပါ
ကိုင်းဆက်ခံအပင် အကိုင်းတိထဲက မိုးကို ထောင်ပနာ ထွက်နိန်ရေ အကိုင်း တကိုင်းကို လွှ ထထက်နန့် အခေါက်နန့် အနှစ်သားကို မပွန်း မပဲ့လားအောင် ဂရုတစိုက် ဖြတ်ပါ။
ဖြတ်လိုက်တေ အကိုင်း အောက်ဖက်မှာ အပင် အသက်ဆက်ရှင်နိန်ဖို့ အနည်းဆုံး အကိုင်း တကိုင်းလောက် ချန်ထားခပါ။
အဆင့် – ၃ ကိုင်းလားဆက်ဖို့ အပင်က အကိုင်းသစ်ထွက်ဖို့ ဘု အတက်ချေ ၄ – ၅ တက်လောက် ပါရေ အကိုင်း ၂ ကိုင်းကို ဖြတ်ပါ။
အကိုင်းဖျားတိကို ကိုင်းလားဆက်ဖို့ အကိုင်း အရှည် ၅ လက်မ လောက်ဇီ ချန်ပခပနာ ထပ်ဖြတ်ပါ။
၅ လက်မ အရှည်ထဲက အောက်ဖက် ၃ လက်မကို အောက်ခြီ အဆုံးထိ စစောင်းချေ ထပ်ဖြတ်ပါ။
အဆင့် – ၄ ကိုင်းဆက်ခံဖို့ အပင်မှာ ကိုင်းလာဆက်ဖို့ အကိုင်းတိ အံဝင်ဂွင်ကျ ဖြစ်အောင် အခေါက်ကို အလျှားလိုက် ထွင်းထုတ်ပါ
အောက်ဖက် ၃ လက်မ ချချွန် လုပ်ထားရေ ကိုင်းလားဆက်ဖို့ အပိုင်းက ဘေးနခမ်းသား ( ၁ လက်မ ၈ ပုံ ၁ ပုံ ) လောက်ကို ပပါးချေ လှီးပစ်ပါ။
ကိုင်းလားဆက်ဖို့ အကိုင်းကို ကိုင်းဆက်ခံအပင်က ထွင်းထားရေ အမြှောင်းထဲမှာ ထည့်လိုက်တေခါ လှီးထားရေ အခေါက် – အခေါက်ချင်း ကပ်နိန်အောင်လို့ပါ။
အဆင့် – ၅ ကိုင်းဆက်ခံဖို့ အပင်မှာ ကိုင်းလာဆက်ဖို့ အကိုင်းတိကို ထည့်ပါ
လှီးထားရေ အခေါက်တိ နခမ်းသားချင်း တိုက်နိန်အောင် ဂရုတစိုက် ထည့်ပါ။
သေချာဗျာလ်ဆိုကေ သံမှို အငယ်ချေ ၂ ချောင်းစီ အနှစ်ဖြူသားထိ ရောက်အောင် မာတူနန့် ရိုက်ထည့်ပနာ နောင်းနိန်အောင် လုပ်ပါ။
အဆင့် – ၆ ဖြတ်ထားရေ နိန်ရာတိ အားလုံးကို ဂရုတစိုက် ပိတ်ပါ
ဖြတ်ထားလို့ အသားစတိ ပေါ်နိန်ရေ နိန်ရာတိုင်းကို ကိုင်းဆက်ဖယောင်း ( သာမန် ဖယောင်းကို ပပျော့ချေ လုပ်ထားကေ ရပါရေ ) (ဝါ) ကတ္တရာ ပပါးချေ လောင်းဗျာလ် နပူလောင်ပနာ မခြောက်လားအောင် နန့် ဘတ္တရီးယားပိုးတိ မဝင်အောင် ဂရုတစိုက် ပိတ်ပါ။
နောက်နိန့်မှာ တခါ အပေါက်တိ မပိတ်ဘဲ မကျန်ခဆိုစွာ သေချာအောင် ထပ်လားကြည့်ပါ။
အဆင့် – ၇ ကိုင်းဆက်ကို ဂရုတစိုက်ဇီ လားကြည့်ပီးပါ
ကိုင်းဆက်အောက် ကိုင်းဆက်ခံ အပင်မှာ အတက်သစ်တိ ထပ်ထွက်လာကေ ဖြတ်ပလိုက်ပါ။
ကိုင်းဆက်သစ်မှာ အတက်သစ်တိ ထွက်လာကေ အကောင်းဆုံး ၁ တက်ကို ချန်ပနာ ကျန်စွာတိကို ဖြတ်ပလိုက်ပါ။
၂ ရာသီလောက် ကြာကေတော့ခါ အကောင်းဆုံး တကိုင်းရာ ချန်ထားပနာ ကျန်ရေ အကိုင်းတိကို ခွတ်ပလိုက်ပါ။
အေလောက်ဆိုကေတော့ခါ အခေါက် အကိုင်းဆက်နည်းကို အသေအချာ နားလည်ဗျာလ် ထင်ပါယင့်။
မရှင်းစွာ ရှိကေ လှမ်းမိန်းနိုင်ပါရေ။
နောက်ဆုံး တနည်းကို ထပ် ရှင်းပြပီးပါမေ။
ကျော်ဝင်းခိုင်