အွင်လိုင်းထက်မှာ ၂ နှစ်ကျော်လောက် တရားမဝင် ပျံ့နှံ့နိန်ရေ နောက်မှာ၊ အမေရီကန်စစ်ဌာနချုပ် ပန်တဂွင်(Pentagon)က အမေရီကန်လေယာဉ်မှူးတိ ရိုက်ထားရေ ဗီဒီယို အပိုင်းချေ ၃ ပိုင်းကို၊ ‘ခွဲခြားမရရေ အာကာသ အဖြစ်အပျက်’ ‘ယူအေပီဆ်’ (‘unidentified aerial phenomena’ (UAPs))ဆိုပနာ တရားဝင် ထုတ်ပြလိုက်ပါရေ။
အဂု ပြောရေ ‘ခွဲခြားမရရေ အာကာသ အဖြစ်အပျက်’ (‘unidentified aerial phenomena’ (UAPs)) ဆိုစွာကို သာမန်လူတိကတော့ ‘ခွဲခြားမရရေ ယာဉ်ပျံ’ ‘ယူအပ်ဖ်အို’ (unidentified flying object (UFO)) ဆိုပနာ ခေါ်ကတ်ပါရေ။
အေဗီဒီယိုတိကို ၂၀၀၄ ခုနှစ်နန့်၊ ၂၀၁၅ ခုနှစ်မှာ အမေရီကန် ရီတပ်(US Navy) လေယာဉ်ပျံတိက အနီအောက်ရောင်ခြည်နန့် ရိုက်ကူးထားပါရေ။ လားနိန်ရေ ပုံစံနန့် အရှိန်နှုန်းက မျက်မှောက်လူသားတိ နည်းပညာအရ တခုပိုင်လည်း နားလည်ဖို့ မလွယ်ဆိုစွာကို တွိမြင်ရပါရေ။ ဗီဒီယို ၂ ခုမှာ၊ လေယာဉ်မှူးတိ တအံ့တသြနန့် နောက်က ပြောနိန်သံကို ကြားနိန်ရပါရေ။
အမေရီကန် ကာကွယ်ရေးဝန်ကြီးဌာန(Department of Defense)ကတော့ ပြည်သူတိကြားမှာ တရားမဝင် ပျံ့နှံ့နိန်လို့၊ အစစ်အမှန် ဟုတ်မဟုတ်၊ တခြားဗီဒီယိုတိ ရှိ၊ မရှိ မချင့်မရဲ ဖြစ်နိန်ကတ်စွာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် တရားဝင် ထုတ်ပြန်လိုက်စွာလို့ ဆိုပါရေ။
ကာကွယ်ရေးဝန်ကြီးဌာန ဒီအိုဒီ(DoD)ကတော့ အေဗီဒီယိုတိစွာ အစစ်အမှန် ဖြစ်တေလို့ အတည်ပြုပနာ၊ အမေရီကန်ရီတပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိုးဇတ် ဂြတ်ဒေရှာ(Joseph Gradisher)က အေဟင့်တိစွာ အမှန် ‘ခွဲခြားမရရေ အာကာသ အဖြစ်အပျက်’ ယူအေပီဆ်(UAPs)တိလို့ အယင်နှစ် ဆပ်တန်ဘာလက ပြောလားခပါရေ။ ယကေလည်း အယင်ပျံ့နှံ့နိန်ရေ အွင်လိုင်းက ဗီဒီယိုတိစွာ ပြည်သူတိကို တရားဝင် ထုတ်ပြထားရေ ဗီဒီယိုတိ မဟုတ်လို့ ပြောလားခပါရေ။