အီးယူ(EU) ပြိုကျလားပနာ ရာရှား ပို အင်အားကြီးလာလိမ့်မေ – ဂျော့ချ် ဆိုးရို့စ်

0
1183
© Jean-Christophe Verhaegen / AFP

ဥရောပသမ္မဂ(European Union)က ပြိုကျခါနီး ဂျောက်ထိပ်ကို ရောက်နိန်ပနာ ရာရှားကတော့ခါ အမျိုးသားရေး အင်အားကြီးနိုင်ငံအဖြစ်နန့် ပိုပနာ ထောင်တက်လာလိမ့်မေလို့ ဂျော့ချ် ဆိုးရို့စ်က ပြောလိုက်ပါရေ။

အမေရီကန်ဒေါ်လာ ၂၆ ဘီလီယံ ရှိရေ ဆိုးရို့စ် ရံပုံငွေ စီမံခန့်ခွဲမှု(Soros Fund Management)နန့် ပွင့်လင်း လူ့အဖွဲ့အစည်း ဖောင်ဒေးရှန်းစ်(Open Society Foundations (OSF))တိ ဥက္ကဌ ဖြစ်တေ ဟင်ဂေရီ-အမေရီကန် သဌေးကြီး ဂျော့ချ် ဆိုးရို့စ်က ဖိုင်နန်ရှဲလ် တိုင်းစ်(Financial Times)နန့် တွိဆုံစွာမှာ ပြောလိုက်စွာပါ။

ဆိုးရို့စ်က အဂု တကဗာလုံးမှာ အမျိုးသားရေးစိတ်ဓါတ်တိ ပြန်ပနာ နှိုးထလာရေအတွက် ၂၈ နိုင်ငံနန့် ဖွဲ့စည်းထားရေ ဥရောပသမ္မဂရေ အချိန်မရွေး ပြိုကျလားနိုင်ရေ ဂျောက်ထိပ်ကို ရောက်နိန်ပနာ၊ အမျိုးသားရေးကို အခြေခံထားရေ ရာရှားနိုင်ငံကတော့ခါ ပိုပနာ အင်အားကြီးလာပါလိမ့်မေလို့ ပြောလားပါရေ။

ဆိုးရို့စ် အဖွဲ့အစည်းတိစွာ နိုင်ငံ့လုံခြုံရေးကို အန္တရာယ်ကျရောက်နိုင်ရေဆိုပနာ ရာရှားနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကပင် ပိတ်သိမ်းခံထားရပါရေ။

ဆိုးရို့စ် မွီးရပ်မြေ ဟင်ဂေရီနိုင်ငံမှာလည်း ဆိုးရို့စ်အဖွဲ့အစည်းတိကို လက်ရှိလက်ယာအစိုးရက အပြင်းအထန် တိုက်ဖျက်နိန်ပါရေ။ ဆိုးရို့စ်စွာ သူဖွဲ့စည်းထားရေ အဖွဲ့အစည်း ၁ ထောင်ကျော်နန့် နိုင်ငံတကာက အစိုးရတိကို လိုရေပိုင် ကြိုးဆွဲနိန်ရေ လူတယောက်အဖြစ် နာမေကြီးပါရေ။ ဥရောပ ပါလီမန်ထဲက အမတ် ၂၀၀ ကျော်စွာလည်း လူ့နောက်လိုက်တိလို့ သိရပါရေ။ ဥရောပကို တသောသော ဝင်နိန်ရေ ဒုက္ခသည်တိစွာလည်း ဆိုးရို့စ် အဖွဲ့အစည်းတိ လုပ်ရပ်တစ်ခုလို့ အများက သုံးသပ်ကတ်ပါရေ။

ဟင်ဂေရီ ဝန်ကြီးချုပ် အော်ဗန်က ပြည်သူတိကို တင်ပြနိုင်အောင် ဆိုးရို့စ် အင်ပါယာကို ဖော်ထုတ်ကတ်ဖို့ ဟင်ဂေရီ ထောက်လှမ်းရေးတိကို ညွှန်ကြားထားပါရေ။

မှတ်ချက် – ဒုတိယကဗာစစ်အတွင်း ဟင်ဂေရီနိုင်ငံကို ဂျာမန်တိ ဝင်သိမ်းရေခါ ဂျူးလူမျိုးဖြစ်တေ ဆိုးရို့စ်နန့် သူ့အဖစွာ သူရို့ မိသားစု ဟင်ဂေရီနိုင်ငံထဲက ထွက်မဗြီးရအောင် ဟင်ဂေရီနိုင်ငံက ဂျူးပညာရှင်တိ နာမေစရင်းကို ဂျာမန်တိ လက်ထဲကို ထည့်ပီးပနာ၊ ဆိုးရို့စ် ကိုယ်တိုင် ဂျာမန်တိဘားမှာ အလုပ် လုပ်ဖူးခပါရေ။ အံ့သြဖို့ ကောင်းစွာက ယင်းအချိန်စွာ သူ့ဘဝမှာ အပျော်ဆုံးအချိန်လို့ ဆိုးရို့စ်စွာ အဂုအချိန်ထိ အိန်တာဗျူးတိမှာ ပြောနိန်တုန်းပါ။