FARA ဖာရာ အရ နိုင်ငံခြားသလျှို ဆိုစွာ အသူရို့လဲ?

0
1337
https://www.fara.gov
https://www.fara.gov

ဖာရာ FARA အရည်ကောက်က Foreign Agents Registration Act နိုင်ငံခြားသလျှိုအဖြစ် မှတ်ပုံတင်ရေ အက်ဥပဒေလို့ အဓိပ္ပာယ်ရပါရေ။ အေဥပဒေကို အမေရီကန်ပြည်ထောင်စုမှာ ၁၉၃၈ ခုနှစ်ပင် ပြဌာန်းထားပါရေ။

နိုင်ငံခြား အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တခုခုဘားက တိုက်ရိုက် (ဝါ) သွယ်ဝိုက်ပနာ ဖေသာ လက်ခံဗျာလ် ယင်းသူရို့အတွက် လှုပ်ရှားပီးရရေ လူတိ မှတ်ပုံတင်ရရေ အက်ဥပဒေ တခုပါ။ ရည်ရွယ်ချက်က အမေရီကန်ပြည်ထောင်စုမှာ အများပြည်သူတိ လက်ခံထားရေ အမြင်၊ ပေါ်လစီ၊ ဥပဒေတိကို ဝါဒဖြန့်ပနာ ပြောင်းလဲဖို့ ကြိုးစားနိန်စွာ အသူရို့လည်းဆိုစွာ အမေရီကန်ပြည်ထောင်စု အစိုးရနန့် အမေရီကန် ပြည်သူတိ သိနိန်အောင်လို့ပါ။

ဖာရာအရ မှတ်ပုံတင်ရရေ လူတိအထဲမှာ နိုင်ငံခြား အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တခုခုက (ဝါ) တဆင့်ခံထားရေ အဖွဲ့အစည်း၊ လူတယောက်ယောက်က၊ တိုက်ရိုက် အမိန့်ပီးလို့ ဖြစ်စီ၊ တောင်းခံလာလို့ ဖြစ်စီ၊ ထိန်းချုပ်ပနာ လုပ်ခိုင်းလို့ ဖြစ်စီ၊ ညွှန်ကြားချက်ပီးလို့ ဖြစ်စီ အလုပ် လုပ်ရရေ လူတိ အားလုံး ပါဝင်ပါရေ။ ယင်းလူတိစွာ အလုပ် မလုပ်ခင်ကပင်ဖြစ်စီ၊ စလုပ်တေ နိန့်က ၁၀ ရက်အတွင်းဖြစ်စီ အမေရီကန်အစိုးရဘားမှာ မှတ်ပုံတင်ရပါရေ။

ယင်းလူတိထဲမှာ နိုင်ငံရေးနန့်ဆိုင်ရေ ပုဂ္ဂိုလ်တိ၊ လူထုနန့် ဆက်ဆံနိန်ရေ အကြံပီး ပုဂ္ဂိုလ်တိ၊ လူသိများရေ ပုဂ္ဂိုလ်တိ၊ သတင်းအလက် ဝန်ဆောင်မှုပီးရေ ဝန်ထမ်းတိ၊ နိုင်ငံရေး အကြံပီး ပုဂ္ဂိုလ်တိ၊ ရံပုံငွေ ရှာရေ ပုဂ္ဂိုလ်တိ၊ နိုင်ငံခြား အစိုးရကို ကိုယ်စားပြုရေ ပုဂ္ဂိုလ်တိ အားလုံး ပါဝင်ပါရေ။

အေဥပဒေမျိုးကို မြန်မာနိုင်ငံမှာ မကြားဖူးပါ။ ယင်းအတွက်နန့် နိုင်ငံခြား အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တခုခုအောက်မှာ တိုက်ရိုက်ဖြစ်စီ၊ ယင်းက သွယ်ဝိုက်ပနာ ခိုင်းထားရေ အဖွဲ့အစည်း (ဝါ) လူပုဂ္ဂိုလ် တခုခုအောက်မှာဖြစ်စီ ကိုယ့်တိုင်းပြည်က လက်ခံထားရေ ဓလေ့ထုံးတမ်းစဥ်လာ၊ ရိုးရာယဥ်ကျေးမှု၊ ဥပဒေ၊ ပေါ်လစီ တခုခုကို ပြောင်းလဲဖို့ ကြိုးစားနိန်ရေ အလုပ်မျိုးကို လုပ်နိန်စွာ ဖြစ်စီ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်ဒေသတွင်းက သတင်း၊ အချက်အလက်တိကို ယူပနာ ပီးရရေ အလုပ်မျိုးကို လုပ်နိန်စွာ ဖြစ်စီ၊ အေ လူတိစွာ သလျှို အလုပ် လုပ်နိန်ရေဆိုစွာ သတိထားသင့်ပါရေ။

အများအားဖြင့် အေအလုပ်မျိုး လုပ်နိန်ရေ လူတိစွာ ကိုယ် ဇာလုပ်လို့ လုပ်နိန်မှန်း မသိရုံမက၊ ကိုယ့်အလုပ်ကိုတောင် အများရှိမှာ ကကောင်း ဂုဏ်ယူနိန်တတ်ကတ်လေ့ရှိပါရေ။ သတင်းပီးရေ လူတိကလည်း အေပိုင် လူတိကို အတတ်နိုင်ဆုံး သတင်း၊ အချက်အလက်တိ မပီးသင့်၊ မကမ်းသင့်ပါ။

ကိုးကား –  https://www.fara.gov