ဆီးရီးယားစစ် နောက်ကွယ်က ယုတ်မာရေ နိုင်ငံရေး လှည့်ကွက်တိ

Syria Town

ညဇာက ဘီဘီစီ ၂ မှာ လာလားရေ ရခိုင်ပြည်က ကလားတိအကြောင်းကို၊ သူရို့ လိုရေပိုင် တဖက်သတ် တင်ပြထားရေ အစီအစဉ်ကို ပြန်စဉ်းစားမိယင်း၊ အေနိန့် ဆီးရီးယားစစ် နောက်ကွယ်က ယုတ်မာရေ နိုင်ငံရေး လှည့်ကွက်တိအကြောင်းကို လေ့လာဖြစ်ပါရေ။ အေအကြောင်းအရာတိကို ရခိုင်သားတိ သိထားသင့်ရေအတွက်၊ ဆီလျှော်အောင် ဘာသာပြန်ပနာ ပြန်တင်ပီးလိုက်ပါရေ။

စစ် တဟုန်းဟုန်း တောက်လောင်နိန်ပနာ တနိုင်ငံလုံးနီးပါး ပြာကျနိန်ရေ ဆီးရီးယားနိုင်ငံစစ်က ၂၀၁၁ ခုနှစ် ဂျန္နဝါရီလ ၂၆ ရက်မှာ ဆီးရီးယားအစိုးရကို လူထုက ဆန့်ကျင်ဆန္ဒပြခကတ်စွာက စခစွာပါ။ အဂုထိ စစ်မီးက မငြိမ်းသိမ့်ရေအတွက် ဆယ်စုနှစ် ၁ ခုထဲကိုတောင် ရောက်ခါနီးနိန်ပါဗျာလ်။ ယကေလည်း အေစစ်ပွဲစွာ ၂၀၁၁ ခုနှစ်မှာ ဟုန်းခနဲ ထပနာ တောက်လောင်လာရေ စစ်မီး မဟုတ်ဘဲ၊ စစ်သွီးဆာရေ ဝါရှိန်တန် အစိုးရအရာရှိ တချို့နန့် သူရို့ ဘက်တော်သားတိ အရှိအလယ်ပိုင်းက အစိုးရတိကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်နန့် အီရတ်စစ်ပွဲကို စတင်ဖို့ ပြင်ဆင်ခရေ အချိန်ကပင် စတင်လာခစွာပါ။

၂၀၀၇ ခုနှစ်မှာ အမေရီကန် ဗိုလ်ချုပ်ကြီး ဝတ်ဆ်လေ ကလက်ခ် (US General Wesley Clark) ပြောရေ စကားအရ၊ ၁၉၉၁ ခုနှစ်မှာ သူ့ကို အမေရီကန် ဒုကာကွယ်ရေးဝန်ကြီး ပေါလ် ဝူလ်ဖိုဝဲ့တ်ဇ် (Deputy Secretary of Defense Paul Wolfowitz) က ခေါ်တွိစွာမှာ၊ ပန်တဂွင် စစ်ဌာနချုပ်မှာ အီရတ်၊ ဆီးရီးယားနန့် အီရန် အစိုးရတိကို ပြောင်းလဲပလိုက်ဖို့ အစီအစဉ်တိ ဆွဲထားစွာ အဆင်သင့် ဖြစ်နိန်ဗျာလ်လို့ ပြောရေလို့ ဆိုပါရေ။ “ဆိုဗီယက်ဟောင်းတိ တင်ထားခရေ အီရတ်၊ ဆီးရီးယား နန့် အီရန် အစိုးရတိကို ဖြုတ်ချဖို့၊ နောက် အင်အားကြီးနိုင်ငံတခုက ငါရို့ကို စိန်ခေါ်ဖို့ အချိန် မရောက်ခင်တိ၊ ၅ နှစ်ကနိန် ၁၀ နှစ်ထိ အချိန်ရရေ။” လို့ ဝူလ်ဖိုဝဲ့တ်ဇ် က ပြောခပါရေ။

၂၀၀၁ ခုနှစ် အမေရီကန်ပြည်ထောင်စုက အမွှာအဆောက်အဦး ၂ လုံးကို လေယာဉ်ပျံနန့် အတိုက်ခံလိုက်ရလို့ ပြိုကျအပြီး ၆ ပတ်အကြာမှာ၊ ဗိုလ်ချုပ်ကြီး ကလက်ခ် ကို အမေရီကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတယောက်က ပန်တဂွင် စစ်ဌာနချုပ်မှာ တိုင်းပြည် ၇ ခုက အစိုးရတိကို လာဖို့ ၅ နှစ်အတွင်း ဖြုတ်ချပစ်ဖို့ လျှို့ဝှက်စာ ထုတ်ထားဗြီးဗျာလ်လို့ ဖွင့်ပြောခပါရေ။ ပထမဆုံး အီရတ်နိုင်ငံက စပနာ၊ ဆီးရီးယား၊ လတ်ဘနွင်၊ လဲ့ဘ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန် နန့် အီရန် ရို့ကို အစီလိုက်သင့် ဖြုတ်ချလားဖို့လို့ ပြောခပါရေ။

အေဟင့် ဟုတ်တေဆိုစွာကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုးလန်းဒ် ဒူးမားစ် (French Minister of Foreign affairs, Roland Dumas) က ပြင်သစ်ရုပ်သံဌာနတခုနန့် တွိဆုံစွာမှာ ဝန်ခံခပါရေ။ အာဆတ် အစိုးရကို ဖြုတ်ချဖို့ ဆီးရီးယားမှာ စပနာ ဆန္ဒမပြခကတ်ခင်၊ ၂ နှစ်လောက် အလိုကပင်၊ ဗြိတိသျှ အစိုးရက ဆီးရီးယား သပုန်တိကို လေ့ကျင့်ရေးနန့် ထောက်ပံ့ရေး လုပ်လာစွာလို့ ဆိုပါရေ။

စစ်မီးလောင်ဖို့ ပင့်ပီးရေး ဖေသာ

၂၀၀၆ – ၂၀၁၀ ခုနှစ်အတွင်း အာဆတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတိ ဖြစ်လာဖို့၊ ဝါဒဖြန့်နိုင်အောင်အတွက် အမေရီကန်အစိုးရစွာ ဒေါ်လာ ၁၂ သန်း သုံးခရေလို့ ဆိုပါရေ။ ဝီကီလိခ် WikiLeaks က ထုတ်ပြန်ရေ လျှို့ဝှက် သံတမန် အပီးအလာ စာ ၇ ထောင်ကျော်ထဲမှာ ယင်းချင့်တိကို တွိရပါရေ။ ယင်းအထဲမှာ ဒေါ်လာ ၆.၃ သန်းကို လင်ဒင်မြို့မှာ အခြေစိုက်တေ ဆီးရီးယားအဖွဲ့အစည်း တရားမျှတရေး နန့် ဖွံ့ဖြိုးရေး လှုပ်ရှားမှု (Movement for Justice and Development)ကို ပီးခစွာကို တွိရပါရေ။ ယင်းအဖွဲ့အစည်းစွာ ဂြိုလ်တုကတဆင့် ဘရာဒါ (Barada) ဆိုရေ အစိုးရ ဆန့်ကျင်ရေး ရုပ်သံ ဝါဒဖြန့် အစီအစဉ်တိကို ထုတ်လွင့်ခရေအတွက်၊ ၂၀၁၁ ခုနှစ်မှာ ဆီးရီးယားမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတိ ဖြစ်လာရရေ အဓိက ရင်းမြစ်တခု ဖြစ်ခပါရေ။

ကျန်ရေ ဒေါ်လာ ၆ သန်းကို သပုန်တိ၊ နိုင်ငံရေး လှုပ်ရှားရေ လူတိနန့် သတင်းဂျာနယ်သမားတိကို သပုန်တိဖက်က အလီးပီးပနာ လုပ်ကြံရွီးတတ်အောင် လေ့ကျင့်သင်တန်းပီးစွာတိမှာ သုံးခပါရေ။ ၂၀၁၁ ခုနှစ် ဧပြီလမှာ အမေရီကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိရေ လူ မက်ခ် တိုနာ (the spokesman for the State Department, Mark Toner)က ဝီကီလိခ် က ထုတ်ပြန်ရေ စာရွက်စာတမ်းတိစွာ အစစ်အမှန် ဖြစ်ပနာ၊ ဆီးယားနိုင်ငံက ပြည်တွင်းလှုပ်ရှားမှုတိ အများကြီးမှာ လွတ်လပ်စွာ ထုတ်ပြောပိုင်ခွင့် အားသန်လာဖို့အတွက် အမေရီကန်ပြည်ထောင်စုက အများကြီး အထောက်အပံ့ပီးခရေလို့ ဝန်ခံခပါရေ။

၂၀၁၂ ခုနှစ်မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့်တ် ဖာ့ဘီးယာ့စ် (the French Minister of Foreign affairs, Laurent Fabius)က အိန်ကလန်နိုင်ငံနန့် အတူတူ ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေးသမားတိကို လက်နက်တပ်ဆင်ပီးဖို့ အီးယူကို တိုက်တွန်းခပါရေ။ ပြင်သစ်နိုင်ငံစွာ ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ဆန့်ကျင်ရေးနန့် လက်နက်ကိုင် တော်လှန်ရေးအတွက် ဆီးရီးယန်း အမျိုးသား ညွှန့်ပေါင်းအစိုးရ (Syrian National Coalition for Opposition and Revolutionary Forces) ကို အသိအမှတ် ပြုပီးခရေ ပထမဆုံး အီးယူအသင်းဝင်နိုင်ငံဖြစ်ပနာ ပြင်သစ်သမ္မတဟောင်း ဖရန်ကို့စ် ဟိုလန်ဒီ (François Hollande)က အမှန်တကယ် ဆီးရီးယားနိုင်ငံကို ကိုယ်စားပြုရေ တခုတည်း အဖွဲ့အစည်း လို့တောင် ချီးမြှင့်ပြောဆိုခပါရေ။ ယင်းမဟာမိတ် အဖွဲ့အစည်းကို အိမ်နီးနားချင်း တူရကီနိုင်ငံနန့် အာရပ်အဖွဲ့ချုပ်ကလည်း ဆီးရီးယားနိုင်ငံသားတိအတွက် တရားဝင် ကိုယ်စားပြုရေ အဖွဲ့အစည်းဆိုပနာ အသိအမှတ် ပြုခပါရေ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၊ မော်ရိုကိုနိုင်ငံ မာရာကတ်ချ် (Marrakesh) မှာ ကျင်းပရေ တွိဆုံပွဲတခုမှာ အမေရီကန်ပြည်ထောင်စုက အမျိုးသား ညွှန့်ပေါင်းအစိုးရ (National Coalition)ကို ဆီးရီးယား အသွင်ကူးပြောင်းရေးကာလ အစိုးရလို့တောင် သတ်မှတ်ခပါရေ။ ယင်းအချိန်မှာ အီးယူ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က အတိုက်အခံတိကို အကြမ်းဖက်အဖွဲ့အစည်း အဲလ်ကိုင်ဒါ နန့် ဆက်နွယ်နိန်မှန်း သိသိကြီးနန့် အသိအမှတ် ပြုခကတ်ပါရေ။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့်တ် ဖာ့ဘီးယာ့စ် အဆိုအရ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဒေါ်လာ သန်း ၁၀၀၊ အမေရီကန်ပြည်ထောင်စုက ဆီးဝါးအတွက် နောက်ထပ် ဒေါ်လာ ၁၄ သန်း၊ ဂျာမဏီနိုင်ငံက ဒေါ်လာ ၂၉ သန်း အစရှိရေ ဖေသာထောက်ပံ့မှုတိကို ယင်းအစည်းအဝေးမှာ ကြေငြာခရေလို့ ဆိုပါရေ။

နောက် ၂ နှစ်ကြာလို့ ၂၀၁၄ ခုနှစ်မှာ၊ အတိအကျ မဖော်ပြရေ ကာလတခုအထိ ဆီးရီးယားသပုန်တိကို လက်နက် တပ်ဆင်ပီးစွာနန့် လေ့ကျင့်ပီးစွာတိ ပြင်သစ်နိုင်ငံက လုပ်ပီးခရေလို့ ပြင်သစ်သမ္မတ ဟိုလန်ဒီ က ပြင်သစ်မီဒီယာတိကို ဝန်ခံခပါရေ။ ပြင်သစ်နိုင်ငံတခုတည်း အနိန်နန့် လုပ်စွာ မဟုတ်ဘဲ၊ ဥရောပနန့် အမေရီကန်တိ နှစ်ဖက် နားလည်မှုအရ လုပ်ပီးခစွာလို့ ပြင်သစ် နေ့စဉ်သတင်း လီ မွင်ဒီ (Le Monde)နန့် တွိဆုံစွာမှာ ဝန်ခံခပါရေ။

လဲ့ဘ်ဗျားနိုင်ငံ နန့် အဆက်အသွယ်

၂၀၁၂ ခုနှစ် ဆပ်တန်ဘာလထဲမှာ လဲ့ဘ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့က အမေရီကန် ကောင်စစ်ဝန်ရုံးနန့်၊ ၁ မိုင်လောက်အကွာက အမေရီကန်ဗဟိုထောက်လှမ်းရေး စီအိုင်အေ အခြေစိုက်စခန်းကို၊ ဒေသခံ လက်နက်ကိုင်တိက အလှစ်ဝင် အတိုက်ခံခရစွာကို သတိထားမိကတ်ပါလိမ့်မေ။ ယင်းဖြစ်စဥ်မှာ လဲ့ဘ်ဗျားနိုင်ငံဆိုင်ရာ အမေရီကန်နိုင်ငံ သံအမတ်ကြီး ခြစ္စတိုဖာ စတီဘန်စ် (Christopher Stevens) အပါအဝင် အမေရီကန် ၄ ယောက် အသတ်ခံခရပါရေ။ အမေရီကန်သမ္မတ အိုဘားမား နန့် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလိန်တန် ရို့ကို သံရုံး လုံခြုံရေး မချထားစွာနန့်၊ ကယ်ဆယ်ရေး နှေးကွေးစွာရို့ကို ထောက်ပြပနာ ကကောင်း ဝေဖန်ခကတ်ပါရေ။ ယကေလည်း အဓိက အချက်တိကို လူတိ မမြင်ခကတ်ပါ။ ဒေသခံ လက်နက်ကိုင်တိ ထိန်းချုပ်ထားရေ နယ်မြေထဲမှာ ဇာဖြစ်လို့ စီအိုင်အေ အခြေစိုက်စခန်းနန့် ကောင်စစ်ဝန်ရုံးကို လားဖွင့်ထားရစွာလဲ?

တရားဝင် ကောင်စစ်ဝန်ရုံး ဖွင့်ခရစွာက ယဥ်ကျေးမှုဌာနတခုနန့် စာကြည့်တိုက်တခု ဖွင့်လှစ်ဖို့အတွက်ပါ။ ယကေလည်း မီဒီယာတိအရ ကောင်စစ်ဝန်ရုံးက ယင်းထက်မက အလုပ်တိ လုပ်ခပါရေ။ မင်မား ဂဒက်ဖီ (Muammar Gaddafi)ကို ဖြုတ်ချဖို့အတွက် စစ်ဆင်ရေး ချမှတ်ပြီးရေ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ၊ စီအိုင်အေ ထောက်လှမ်းရေး လုပ်ငန်းတိကို စောင့်ကြည့်ဖို့အတွက် အခြေစိုက်စခန်းတခုကို ဘန်ဂါဇီမြို့မှာ ဖွင့်လှစ်ခပါရေ။ ယင်းစခန်းကို နောက်ဆက်တွဲ Annex လို့ နာမေပီးထားပနာ၊ ဝေါလ် ဆတရိ(တ်) ဂျာနယ်(Wall Street Journal) အဆိုအရ၊ ကောင်စစ်ဝန်ရုံးကို ယင်း စီအိုင်အေ စခန်းကို သံတမန်ရေးအရ အကာအကွယ်ပီးဖို့အတွက် အဓိက ဖွင့်လှစ်ခစွာ ဖြစ်တေလို့ ဆိုပါရေ။

လင်ဒင် ဆင်းဒေး တိုင်းစ် (Sunday Times) သတင်းအရ အမေရီကန်ပြည်ထောင်စုစွာ လေယာဉ်ပစ် ဒုံးကျည် SA-7 အပါအဝင်၊ တန့်ခ်ကားဖျက် ဒုံးကျည်တိ၊ လက်ပစ်ဗုံးတိ၊ မော်တာတိ၊ အမြောက်တိ တောင်ပုံယာပုံလိုက်ကို ဂဒက်ဖီ ဘားက ဝယ်ပနာ၊ အရှိအလယ်ပိုင်းနိုင်ငံတိက တဆင့် ဆီးရီးယား သပုန်တိကို အထောက်အပံ့ပီးနိန်ခရေလို့ ဆိုပါရေ။

ပလေဇာဆုရ စုံစမ်းရေး သတင်းထောက် ဆိုင်မာ ဟာ့ချ် (Seymour Hersh) သတင်းအရ ၂၀၁၂ ခုနှစ်မှာ အမေရီကန်ပြည်ထောင်စု သမ္မတ အိုဘားမား နန့် တူရကီဝန်ကြီးချုပ် အာဒိုဂန် ရို့စွာ စီအိုင်အေ နန့် ဗြိတိသျှ ပြည်ပ ထောက်လှမ်းရေး အမ်အိုင် ၆ ရို့ ပေါင်းပနာ ဂဒက်ဖီ ဘားက လက်နက်ကြီးတိကို ဝယ်ပနာ လွတ်လပ်တေ ဆီးရီးယား တပ်မတော် (Free Syrian Army)ကို ထောက်ပံ့လားဖို့ သဘောတူထားကတ်တေလို့ ဆိုပါရေ။ လုပ်ငန်းကို သြစတြီးယားနိုင်ငံ အကာအကွယ်အောက်မှာ ထားပနာ တူရကီ၊ ဆော်ဒီအာရေးဗီးယားနန့် ကာတာရို့က ကုန်ကျရေ ဖေသာကို ပီးလားဖို့လို့လည်း သဘောတူလားကတ်ပါရေ။

ယင်းလက်နက် အများကြီးစွာ အဲလ်ကိုင်ဒါ အဆက်အနွယ် အဲလ် နောဆရာ ဖရင့်တ် (Al-Nusra front) လက်ထဲကို ရောက်လားပါရေ။ လွတ်လပ်တေ ဆီးရီးယား တပ်မတော် ထဲက စစ်သား ၉% စွာ အဲလ် နောဆရာ ဖရင့်တ် တပ်သားတိပါ။ ယင်းအတွက်နန့်လည်း ၂၀၁၃ ခုနှစ် ရောက်တေခါ အစွမ်းရောက် အစ္စလာမ် စစ်သွီးကြွတိက ဆီးရီးယားနိုင်ငံကို လွှမ်းမိုးလားစွာပါ။

ကိုင်း အေလောက်ဆိုကေတော့ခါ နိုင်ငံတနိုင်ငံကို ဖျက်ဆီးပစ်ဖို့ နိုင်ငံကြီးတိက ဇာပိုင် အောက်တန်းကျ ယုတ်မာရေ နည်းလမ်းတိနန့် ကြံစည်ကတ်လေဆိုစွာ သဘောပေါက်ကတ်ဗျာလ် ထင်ပါယင့်။

  •  ရခိုင်ပြည်က အင်္ဂ လိပ်တိ ထွက်ခွာရေခါ ကလားတိကို လက်နက်ပီးခလို့ ရခိုင်သား ၂ သောင်းကျော် အသတ်ခံခရစွာ လွှဲချော်မှု တခုလား?
  •  လွတ်လပ်ရေး ရခါနီး အင်္ဂ လိပ် လက်နက်တိုက် အဖောက်ခံရလို့ လပိုင်းအကြာ၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရစွာ တိုက်ဆိုင်မှု တခုလား?
  • ဆယ်စုနှစ် လေးငါးခုလောက် အုပ်ချုပ်ဗြီးလို့ မတူကွဲပြားရေ လူမျိုး ဓလေ့ဇရိုက်တိကို သတိထားဗြီးခါမှ လွတ်လပ်ရေးကို စုပေါင်းပနာ ပီးပခလို့၊ ဆယ်စုနှစ် ငါးခုခြောက်ခု ကြာအောင် ပြည်တွင်းစစ် တောက်လောင်နိန်ရစွာလည်း စေတနာ အမှား တခုလား?
  • ၈၈ အရေးအခင်းစွာ ဆိုရှယ်လစ် အစိုးရကို သာမန် ပြည်သူတိ ဆန့်ကျင်စွာက ပေါက်ဖွားလာစွာလား?
  • အဂု မှိုပိုင် ပေါက်လာရေ လူမှုအဖွဲ့အစည်းတိကို အသူရို့ ဖေ့သာ ထောက်ပံ့ပီးနိန်လေ? လူမှုအဖွဲ့အစည်းတိက ရလာရေ သတင်းအချက်အလက်တိ ဇာသူရို့ လက်ထဲကို ရောက်လားလေ?
  • လက်ရှိ လူငယ်တိကို အမှန်စကားတိကို ထောက်ပြပနာ မြှောက်ပင့်ပီးစွာက ယင်းသူရို့နိုင်ငံတိမှာက ယင်းပိုင် အမှန်တရားတိကို ရနိန်ကတ်လို့လား?

အေပိုင် ဆင်တူရိုးမှား ဖြစ်ရပ်တိကို နိန်ရာ အမြှောက်အများမှာ ထပ်တလဲလဲ တွိမြင်လာရရေခါ မတော်တဆ တိုက်ဆိုင်မှုတိ ဟုတ်သိမ့်ယင့်လားလို့၊ တွေးတောမိယင်း …..

ကိုးကား – https://www.counterpunch.org/2015/09/17/the-dirty-politics-behind-the-syrian-conflict/