တန်ဖိုး

0
55

လူ ၂၀၀ လောက်ရှိရေ စာသင်ခန်း တခန်းထဲမှာ နာမေကြီး တိုးတက်ရေးလမ်းညွှန် ပညာရှင်တယောက်က ဒင်္ဂါး ၁ သောင်းတန် တရွက်ကို ထောင်ပြပနာ …

“အေဒင်္ဂါးကို အသူ လိုချင်လေ။ လိုချင်ရေ လူ ရှိကေ၊ လက်ညိုးထောင်။” လို့ လှမ်းမိန်းလိုက်တေ။

လက်ညိုးတိ ထိုတချောင်းထောင်၊ ဒေတချောင်းထောင်နန့် စက္ကန့်ပိုင်းအတွင်းမှာ တခန်းလုံး လက်ညိုးတိ ပြည့်လားရေ။

“တနားချေ နိန်အုန့်သိမ့်။” ဆိုပနာ ယင်းပညာရှင်က လက်ထဲက ဒင်္ဂါးကို လက်နှစ်ဖက်နန့် တကျိကျိ နှယ်ပလိုက်တေ။

အဗြီးကေ “ အသူ၊ လိုချင်သိမ့်လေ။” လို့ လှမ်းမိန်းလိုက်ပြန်ရေ။

တနားက ထောင်ထားရေ လက်တိက ယော့မလား။

“နိန်အုန့်သိမ့်၊ ယကေ။” ဆိုပနာ ဒင်္ဂါးကို ကြမ်းပြင်ထက်ကို ဝေးချပလိုက်တေ။ အဗြီးကေ ဖနောင့်နန့် တဒုန်းဒုန်း တက်နင်းပလိုက်တေ။

ဒင်္ဂါးကို ပြန်ကောက်လိုက်ယင်း၊ လက်ထဲမှာ ပြန်ထောင်ပြပနာ “အသူ လိုချင်သိမ့်လေ။” လို့ ပြန်မိန်းလိုက်ပြန်ရေ။ေ

ထောင်ထားရေ လက်တိက တချောင်းချေတောင် ယော့မလား။

ယင်းခါ ပညာရှင် ပြန်ပြောလိုက်စွာက …

“မိတ်ဆွေရို့ အေနိန့် ကကောင်း ကောင်းရေ သင်္ခန်းစာတခုကို ရလိုက်ကတ်ပါဗျာလ်။ အကျွန်က ဖေ့သာကို ဇာပိုင်ပင် ရွံစရာ ကောင်းအောင် လုပ်လုပ်၊ မိတ်ဆွေရို့က ဖေ့သာကို လိုချင်နိန်ကတ်တုန်းပါ။ ဇာဖြစ်လို့ဆိုကေ ဖေ့သာဆိုစွာ ကောင်းကောင်း၊ မကောင်းကောင်း၊ တန်ဖိုး မကျလားလို့ပါ။ ဖေ့သာ ၁ သောင်းတန်စွာ အမြဲတမ်း ၁ သောင်းတန်ပါဗျာလ်။”

“လူ့ဘဝမှာလည်း ယင်းပိုင်ပါ။ အကျွန်ရို့ ဆုံးဖြတ်ချတိအတိုင်း လိုက်ပနာ အကျွန်ရို့ ဘဝတိစွာ တက်လိုက်၊ ကျလိုက်၊ နင်းခြေခံရလိုက် ဖြစ်နိန်တတ်ရေပိုင် အခြေအနေတိကလည်း ယင်းချင့်နန့် လိုက်ပနာ ပြောင်းလဲနိန်လေ့ ရှိပါရေ။”

“တခါတလီမှာ တခု တန်ဖိုးလည်း မရှိရေ လူတယောက်ပိုင် ခံစားရတတ်ပါရေ။”

“ယကေလည်း ဇာပိုင်ပင် ဖြစ်နိန်နိန်၊ ဇာပိုင်ပင် ဖြစ်လာလာ၊ မိတ်ဆွေ တန်ဖိုးစွာ တခါလည်း ယော့ မလားဆိုစွာကို အမြဲတမ်း သတိရပါ။”

စံဂိုးအောင်

နာမေ = နာမည်
အသူ = ဘယ်သူ
မိန်း = မေး
ဖေ့သာ = ပိုက်ဆံ
အေနိန့် = ဒီနေ့
ဇာပိုင်ပင် = ဘယ်လိုပဲ
ယော့ = လျှော့နည်း