ဂျေရုဆလင် အမေရီကန်သံရုံး ဖွင့်ရေရက်မှာ ပါလစ္စတိုင်းတိ စံချိန်တင် ပစ်သတ်ခံရ

© Ronen Zvulun : Reuters
© Ronen Zvulun : Reuters

ညဇာက “ငြိမ်းချမ်းရေးအတွက် နိန့်ထူးနိန့်မြတ် တရက်” ဆိုပနာ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်က အမေရီကန်သံရုံး ဖွင့်ပွဲအခမ်းအနား လုပ်တေ နိန့်မှာမှ စံချိန်တင်ပနာ၊ ပါလစ္စတိုင်းလူမျိုးတိ ဒါဇင်ဗြတ် ပစ်သတ်ခံလိုက်ရပါရေ။

ယင်းဖွင့်ပွဲအခမ်းအနားကို အမေရီကန်ပြည်ထောင်စု သမ္မတ ထရုန့် (Trump) မတက်ရောက်ဘဲ၊ သမီး ဖြစ်တေ အိုင်ဗန်ကာ (Ivanka) နန့် သမက် ဂျေးဒ် ကူချ်နာ (Jared Kushner) ရို့ တက်ရောက်ခကတ်ပါရေ။ သမ္မတ ထရုန့်က ကြိုတင်သွင်းထားရေ ဗွီဒီယို ဖိုင်တခုနန့် ဖွင့်ပွဲမှာ အမှာစကား ပြောခပါရေ။ ယင်းအထဲမှာ အမေရီကန်ပြည်ထောင်စုစွာ အစ္စရေးနိုင်ငံအတွက် မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်နိန်ဗြီးကေ၊ ဝါရှိန်တန်စွာ ငြိမ်းချမ်းရေးကို အမြဲတမ်း လိုလားရေလို့ ပြောလားခပါရေ။

သမ္မတထရုန့် စကားကို သံယောင်လိုက်ပနာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမိန် နတ္တန်ယာဟု (Benjamin Netanyahu) ကလည်း “ငြိမ်းချမ်းရေးအတွက် နိန့်ထူးနိန့်မြတ်တရက်” လို့ ပြောလားခပါရေ။ “သမိုင်းကို အသိအမှတ် ပြုပနာ၊ သမိုင်းသစ်ကို ရွီးလိုက်စွာ ဖြစ်တေ။” လို့လည်း သမ္မတကို ပြန်ပနာ ချီးကျူးလားပါရေ။

အစ္စရေး၊ ဂါဇာ နယ်စပ်မှာတော့ခါ၊ ပါလစ္စတိုင်းလူမျိုးတိ ပြင်းပြင်းထန်ထန် ဆန္ဒပြကတ်လို့၊ အစ္စရေးစစ်တပ်က ပစ်ခတ်တေအတွက် ပါလစ္စတိုင်းလူမျိုး အနည်းဆုံး ၄၁ ယောက် တရက်တည်းမှာ စံချိန်တင် သီဆုံးလားပါရေ။ ယင်းဆန္ဒပြပွဲက မာ့ချ်လ ၃၀ ရက်နိန့်ကပင် စတင်လာစွာပါ။ ပါလစ္စတိုင်း လွတ်မြောက်ရေးအဖွဲ့ (Palestine Liberation Organization) ကတော့ခါ သီလားရေ ဂါဇမ်တိအတွက် အနောက်ဖက် ကမ်းခြေ (West Bank) နန့် ဂါဇာ (Gaza) မှာ အေနိန့် ဆက်ပနာ ဆန္ဒပြကတ်ဖို့ နှိုးဆော်ထားပါရေ။