ထရုန့် – ကင် တွိဖို့စွာကို မြောက်ကိုးရီးယား ပြန်သုံးသပ်ဖို့လို့ ပြော

© Korea Summit Press Pool : Reuters
© Korea Summit Press Pool : Reuters

“မြောက်ကိုးရီးယားအတွက် တခု အာမခံချက်လည်း မပါဘဲ၊ တဖက်သတ် နြူးကလီးယားကို စွန့်လွှတ်ပနာ၊ လဲ့ဘ်ဗျားနိုင်ငံ ကြုံရရေ အဖြစ်ဆိုးမျိုးပိုင် ဖြစ်လာဖို့၊ တခု ဆွေးနွေးပွဲမျိုးကိုလည်း ပြုံယမ်း စိတ်ဝင်စားလီဖို့ မဟုတ်။” လို့ မြောက်ကိုးရီးယားနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ကင် ဂျီဂွမ် (Kim Kye-gwan) က ပြောလိုက်ပါရေ။

“အေဟင့်က ပြဿနာကို ဖြေရှင်းဖို့ ချဉ်းကပ်စွာမျိုး မဟုတ်။ အင်အားသုံးပနာ လဲ့ဘ်ဗျား နန့် အီရတ် ရို့ကို ဖျက်ဆီးပလိုက်တေ ပုံစံမျိုးရာ ဖြစ်တေ။ အေပိုင်တော့ ငါရို့ တိုင်းပြည်ကို လုံးဝ အဖြစ်ခံလီဖို့ မဟုတ်။” လို့ ဆိုပါရေ။

၂၀၀၃ ခုနှစ်မှာ ဓါတုလက်နက်တိ တောင်ပုံယာပုံ ထုတ်နိန်ရေ ဆိုရေ အကြောင်းပြချက်နန့် အမေရီကန်ပြည်ထောင်စုက အီရတ်နိုင်ငံကို ကျူးကျော်ပနာ ဝင်တိုက်ခပါရေ။ ယကေလည်း အကြောင်းပြခရေပိုင် တခု ဓါတုလက်နက်လည်း မတွိခပါ။ ယင်းနှစ်မှာဗျာလ် လဲ့ဘ်ဗျား ခေါင်းဆောင် မင်မား ကဒက်ဖီ က လဲ့ဘ်ဗျားနိုင်ငံမှာ ရှိရေ နြူးကလီးယား သုတေသန လုပ်နိန်စွာတိ အားလုံးကို ရပ်တည့်ပလိုက်ဖို့ဗျာလ်လို့ အမေရီကန်ပြည်ထောင်စုကို ကမ်းလှမ်းခပနာ၊ နြူးကလီးယားနန့် သက်ဆိုင်ရေ ပစ္စည်းကရိယာတိ အားလုံးကိုလည်း အမေရီကန်ပြည်ထောင်စုကို တင်ပို့ပီးခပါရေ။ ၂၀၁၁ ခုနှစ်ကို ရောက်တေခါ အမေရီကန်ပြည်ထောင်စုနန့် နေတိုး နောက်ခံပီးထားရေ လက်နက်ကိုင်တိက ကဒက်ဖီ ကို အာဏာက ဖြုတ်ချပလိုက်တေအတွက်၊ အဂုအချိန်ထိ လဲ့ဘ်ဗျားနိုင်ငံစွာ စစ်မီးလျှံထဲမှာ ရုန်းကန်နိန်ရတုန်းပါ။

“အမေရီကန်ပြည်ထောင်စုမှာ စစ်မှန်ရေ တွိဆုံးဆွေးနွေးမှုနန့် အဖြေရှာလိုမှု ရှိရေ ဆိုစွာကိုတော့ ငါတော့ သံသယ ရှိရေ။ ငါရို့ နိုင်ငံက အီရတ်၊ လဲ့ဘ်ဗျား မဟုတ်ဆိုစွာ တကဗာလုံးက သိရေ။ ငါရို့ကို ဂျောင်ပိတ်ပနာ တဖက်သတ် နြူးကလီးယားလက်နက်တိကို စွန့်လွှတ်ခိုင်းဖို့ တခုဆွေးနွေးပွဲကိုလည်း စိတ်မဝင်စား။” ဆိုပနာ ကင် က ဆက်ပြောလားပါရေ။

ဗြီးခရေ သောက်ကြာနိန့်ကပင် တောင်ကိုးရီးယားနိုင်ငံမှာ လုပ်နိန်ရေ မတ်ချ် တင်ဒါ ၂၀၁၈ (Max Thunder 2018) အမေရီကန်-တောင်ကိုးရီးယား ပူးတွဲစစ်ဆင်ရေး လေ့ကျင့်မှုအတွက်၊ အေနိန့် တွိဆုံဖို့ တောင်-မြောက် ကိုးရီးယား ထိပ်တန်းဆွေးနွေးပွဲ တခုကိုလည်း မြောက်ကိုးရီးယားက ရပ်ဆိုင်းပလိုက်ပါရေ။