မြောက်ကိုးရီးယားက နြူးကလီးယား လက်နက်တချို့ကို ၆ လအတွင်း ရွိပီးဖို့ ယူအပ်စ် တောင်း

© KCNA via Reuters
© KCNA via Reuters

၆ လအတွင်း နြူးကလီးယား ဒုံးကျဉ်ဂေါင်းတချို့နန့် တိုက်ခြားပစ် ဒုံးကျဉ်တချို့ကို မြောက်ကိုးရီးယားနိုင်ငံက တိုင်းပြည်အပြင်ကို ထုတ်ပီးရဖို့လို့ အမေရီကန်ပြည်ထောင်စုက တောင်းဆိုရေဆိုပနာ ဂျပန် အဆာဟိ ရှိန်ဘွင်း (Asahi Shimbun) သတင်းစာမှာ နှစ်ဖက်ဆွေးနွေးပွဲကို ရင်းနှီးခရေ ရင်းမြစ်တိကို ကိုးကားပနာ အေနိန့် တင်ပြထားပါရေ။

မေလ ၉ ရက်နိန့်က အမေရီကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပင်းပီယို (US Secretary of State Mike Pompeo) နန့် မြောက်ကိုးရီးယားဂေါင်းဆောင် ကင် ဂျုံအင် ရို့ တွိဆုံပွဲမှာ အမေရီကန်တိဖက်က တောင်းဆိုစွာလို့ ဆိုပါရေ။ အပြန်အလှန် အဖြစ် မြောက်ကိုးရီးယားကို အကြမ်းဖက်အားပီးရေနိုင်ငံ စရင်းက ဖျက်ပီးဖို့ဆိုပနာ ပြောလားရေလို့ အဆာဟိ ရှိန်ဘွင်း မှာ ရွီးထားပါရေ။ အယင်နှစ်က မြောက်ကိုးရီးယားကို ယင်းစရင်းထဲမှာ ထည့်ပနာ စီးပွားရေးပိတ်ဆို့ဖို့ လုပ်နိန်စွာပါ။

တောင်ကိုးရီးယားနိုင်ငံမှာ အမေရီကန်-တောင်ကိုးရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်နိန်ရေအတွက် မြောက်ကိုးရီးယားနိုင်ငံ တောင်ကိုးရီးယားနိုင်ငံနန့် တွိဆုံဖို့ ထိပ်တန်းအစည်းအဝေးတခုကို ဖျက်သိမ်းပလိုက်ရေပိုင်၊ ထရုန့်-ကင် တွိဆုံဖို့ ဆွေးနွေးပွဲကိုလည်း ပြန်သုံးသပ်လားဖို့လို့ ဆိုပါရေ။ ယင်းစစ်ရေးလေ့ကျင့်နိန်စွာမှာ လေယာဉ်ပျံ ပေါင်းစုံ အစင်း ၁၀၀ ကျော် ပါနိန်ပါရေ။

ပြုံယမ်း ကလည်း ဝါရှိန်တန် ပရိယာယ်တိစွာ ကကောင်း တဖတ်သတ် အနိုင်ကျင့်ပနာ၊ မြောက်ကိုးရီးယားကို ကျူးကျော်လာရေအချိန်မှာ ကာအကွယ်မဲ့လားအောင် လုပ်နိန်မှန်း သိလို့ ဆွေးနွေးပွဲကို စိတ်မဝင်စားလို့ ပြောလားပါရေ။

မှတ်ချက် – အဂု အမေရီကန်ဗျူဟာစွာ သဗုန်တိကို ရိက္ခာဖြတ်ပနာ လက်နက်ချခိုင်းရေ ပုံစံနန့် လားတူရေဆိုစွာ သတိပြုကတ်ပါ။