အီရန်က ရာရှား ဦးဆောင်ရေ ငါးနိုင်ငံ ကုန်သွယ်ရေးဇုံထဲ ဝင်ဖို့ ကနဦး လက်မှတ်ထိုး

FILE PHOTO- EAEU meeting in Kazakhstan © Dmitry Astakhov : Sputnik
FILE PHOTO- EAEU meeting in Kazakhstan © Dmitry Astakhov : Sputnik

ငါးနိုင်ငံနန့် ဖွဲ့စည်းထားရေ ယူရေးရှန်း စီးပွားရေး သမ္မဂ (Eurasian Economic Union (EEU)) ထဲကို အီရန်နိုင်ငံ ဝင်ဖို့၊ ၃ နှစ် အစမ်းကာလ သဘောတူညီချက်တခုကို ကာဇာ့ခ်ဆတန်နိုင်ငံ အာ့စတာနာ (Astana, Kazakhsta) မှာ ညဇာက လက်မှတ်ရွီးထိုးကတ်ပါရေ။

ယင်း လွတ်လပ်တေ ကုန်သွယ်ရေးဇုံကို အာမန်းနီးယားနိုင်ငံ၊ ဘီလာရာ့စ်နိုင်ငံ၊ ကာဇာ့ခ်ဆတန်နိုင်ငံ၊ ကာဂျီဇ်ဆတန်နိုင်ငံ နန့် ရာရှားနိုင်ငံရို့ ဖွဲ့စည်းထားစွာပါ။ ၂၀၁၅ ခုနှစ်မှာ အကောက်ခွန် သမ္မဂ (Customs Union) အဖြစ် ရာရှားနိုင်ငံ၊ ကာဇာ့ခ်ဆတန်နိုင်ငံ နန့် ဘီလာရာ့ဇ်နိုင်ငံရို့ အကြားမှာ EEU ကို ပထမဆုံး ဖွဲ့စည်းခပနာ နောက်ပိုင်း အာမန်းနီးယားနိုင်ငံ နန့် ကာဂျီဇ်ဆတန်နိုင်ငံရို့ ပူးပေါင်းပါဝင်လာစွာပါ။ ၂၀၁၆ နှစ်မှာ ယင်းဒေသ ပြင်ပက ဗီယက်နမ်နိုင်ငံ ဝင်ရောက်လာပနာ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဖေသာ၊ အလုပ်သမားတိ ဗီယက်နမ်နိုင်ငံ နန့် EEU ကြားမှာ လလွတ်လလပ် ရွိပြောင်းနိုင်ခွင့်ကို သဘောတူထားကတ်ပါရေ။ အဂုအခါ တရုတ်၊ အိန်ဒိုနီးရှား၊ အစ္စရေး၊ တောင်ကိုးရီးယား၊ အီဂျစ်၊ အိန္ဒိယ အပါအဝင် နိုင်ငံ၊ အဖွဲ့အစည်း ၄၀ ကျော်က EEU နန့် လွတ်လပ်တေ ကုန်သွယ်မှု လုပ်ဖို့ စိတ်ဝင်စားကတ်ပနာ၊ ဆက်သွယ်ဖို့ ပြင်ဆင်နိန်ကတ်ပါရေ။

အမေရီကန်ပြည်ထောင်စုက အယင်က ရှိခရေ အီရန်နိုင်ငံနန့် နြူးကလီးသဘောတူညီမှုစာချုပ် အဖွဲ့နိုင်ငံ အဖြစ်က နှုတ်ထွက်ပနာ၊ ဥရောပနိုင်ငံက ကုမ္ပဏီတိကို အီရန်နိုင်ငံထဲက ၆ လအတွင်း ထွက်ပီးကတ်ဖို့ ဖိအားပီးလာရေအတွက် အီရန်နိုင်ငံက အဂုပိုင် ပြင်ဆင်လာစွာ ဖြစ်ပါရေ။