ရည်ရွယ်ချက် –
ရခိုင်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့ တဦးကောင်း၊ တယောက်ကောင်းနန့် လုံးဝ လုပ်လို့ မရနိုင်ပါ။ ကဏ္ဍပေါင်းစုံကို ပညာရှင်ပေါင်းစုံက ကိုယ်သိရေ၊ ကိုယ်ကျွမ်းကျင်ရေ ဒေါင့်ပေါင်းစုံက မျှဝီကတ်ဖို့ဆိုကေ၊ ရခိုင်လူမျိုးတိ အသိပညာ ချက်ချင်း မြင့်မားလာနိုင်ပနာ၊ ရခိုင်ပြည်ကြီးလည်း ပြန်ပနာ ဖွံ့ဖြိုးတိုးတက်လာနိုင်ပါရေ။ သူတကိုယ်၊ ကိုယ်တမျိုးလုပ်နိန်ကတ်ဖို့ဆိုကေတော့ခါ၊ ရခိုင်လူမျိုး နင်းပြားဘဝက တခါလည်း ကျွတ်လွတ်နိုင်ကတ်ဖို့ မဟုတ်ပါဗျာလ်။ အေဟင့်ကို သတိပြုမိရေအတွက် ကိုယ်သိရေ အသိပညာတိကို အများအတွက် အခွင့်ရတိုင်း မျှဝီရေပိုင်၊ ကျန်ရေ ညီအကိုမောင်နှမတိကလည်း မျှဝီနိုင်အောင် GreatArakan.com ကိုလုပ်စွာ ဖြစ်ပါရေ။ ရခိုင်လူမျိုးတိဘားက ပြန်ရယူချင်စွာ တခုလည်းမရှိဘဲ၊ အများအကျိုးရှိစီဖို့အတွက် ကိုယ်တတ်နိုင်စွာကို မျှဝီစွာမျိုး သတ်သတ်ရာဖြစ်တေအတွက် တခုကိုလည်းဘက်မလိုက်၊ တခြားရည်ရွယ်ချက်လည်း မရှိဆိုစွာတော့ခါ သတိပြုစီချင်ပါရေ။
ဘာသာစကား –
ရခိုင်သားတိကို ရခိုင်စကားနန့် ပြောရစွာ အားအရဆုံးပါ။ ယင်းအတွက်နန့် GreatArakan.com မှာ ရခိုင်စကားနန့်ရွီးစီချင်ပါရေ။ စာရွီးပုံကလည်း ကဗာမှာ အများဆုံးသုံးရေ အရွီး၊ အပြော တထပ်တည်းကျရေ စနစ်မျိုးကို သုံးစီချင်ပါရေ။မြန်မာစာပိုင် အရွီးတမျိုး၊ အပြောတမျိုး စနစ်မျိုးကို ပြန်မသုံးဇီချင်ပါ။ ရခိုင်က ကိုယ့်ဒေသသံနန့် တထပ်တည်းကျအောင်ကြိုးစားရွီးကတ်ပါ။ ၄- ၅နှစ်အတွင်းမှာ တိကျရေ ရခိုင်စာပီစံညွှန်းတခု ထွက်ပေါ်လာပါလိမ့်မေ။
GreatArakan.com ကို GA လို့ အတိုကောက် ရွီးလားပါမေ။
GA မှာ Post တခု တင်ဖို့ဆိုကေ –
၂) Menu ထဲက Log In ကို နှိပ်ပါ။၃) Log In လုပ်ပါ။
၄) ပို့စ် တင်ဖို့ + ကို နှိပ်ဗျာလ်၊ Post ကို ထပ်နှိပ်ပါ။
၅) ပို့စ် ဂေါင်းစဉ်နန့် အကြောင်းအရာကို ရွီးပါ။ ရုပ်သံ၊ ဓါတ်ပုံတိကို ကြားထဲမှာ ထည့်နိုင်ပါရေ။
၆) ပို့စ် ရွီးဗြီးလားကေ၊ ကိုယ်ရွီးထားရေ အကြောင်းအရာကို သင့်တော်ရေ Categories ဂဏ္ဍထဲမှာ ခွဲပီးပါ။ ပို့ အကြောင်းအရာ အတိုချုံ့ကိုလည်း Tags ရွီးပီးပါ။ ၇) GA မျက်နှာစာမှာ ပို့စ်နန့် တွဲပေါ်နိန်ဖို့ ပုံကို အထက်မှာ ပြခရေ ပုံထည့်ရေ နည်းအတိုင်း Set featured image မှာ ပုံကို ထည့်ပီးပါ။
၈) အားလုံး အဆင်သင့်ဆိုကေ ပို့စ်ကို အများ မြင်နိုင်အောင် Publish လုပ်လိုက်ပါ။Zawgyi နန့်ရာ စာရွီးတတ်ပနာ Unicode နန့် မရွီးတတ်သိမ့်ဆိုကေ …
၁) Zawgyi Unicode Converter ဆိုဗြီး App Store ထဲမှာ ဖြစ်ဖြစ်၊ Google လုပ်လို့ဖြစ်ဖြစ် ရှာကြည့်ပါ။၂) MM Font Converter ကို Install လုပ်လိုက်ပါ။၃) MM Font Converter ထဲက Zawgyi ကို နှိပ်ပနာ ကိုယ်ရွီးချင်စွာကို အယင်ရွီးပါ။ ရွီးဗြီးသားဆိုကေ Copy ကူးပနာ Zawgyi ကို နှိပ်ဗျာလ် အောက်မှာ Paste လုပ်ပါ။၄) Unicode ကို တခါ နှိပ်ပနာ Copy သင်္ကေတ ကို နှိပ်လိုက်ပါ။
၅) GA ထဲက ပို့ထဲမှာ လားပနာ Paste လုပ်နိုင်ပါဗျာလ်။
Zawgyi နန့် ရွီးနိန်ရေ လူတိ၊ နိုင်ငံတကာစံညွှန်းနန့် ကိုက်အောင် Unicode ကို ပြောင်းသုံးကတ်ဖို့ အားပီးပါရေ။ တရက်တည်း လေ့ကျင့်ကြည့်စွာနန့် အဆင်ပြေပါလိမ့်မေ။