ကဗာ့ အချမ်းသာဆုံးနန့် အာဏာအရှိဆုံး လူတိ လျှို့ဝှက်ဖွဲ့ထားရေ Bilderberg Group အေနှစ် ဇာတိ ဆွေးနွေးဖို့လဲ?

Protesters hold banners and flags during a demonstration against Bilderberg meeting in the Austrian village of Telfs, June 13, 2015. © Leonhard Foeger : Reuters
Protesters hold banners and flags during a demonstration against Bilderberg meeting in the Austrian village of Telfs, June 13, 2015. © Leonhard Foeger : Reuters

ကဗာမှာ အချမ်းသာဆုံးနန့် အာဏာအရှိဆုံး လူတိကို ရွီးပနာ လျှို့ဝှက် ဖွဲ့စည်းထားရေ၊ ဘဲလ်ဒါဘာ့ဂျ် အုပ်စု (Bilderberg Group) က တနှစ်တကြိမ် ကျင်းပရေ၊ ၆၆ နှစ်မြောက် အစည်းအဝေးကို၊ အေနှစ် အီတလီနိုင်ငံ၊ တူရိန်မြို့ (Turin) မှာ ဂျုန်လ ၇ ရက်နိက ၁၀ ရက်နိထိ ကျင်းပလားဖို့လို့ ဆိုပါရေ။

ယင်းအစည်းအဝေးကို အမေရိကနန့် ဥရောပက စီးပွားရေး ဂေါင်းဆောင်တိ၊ အယင်ကနန့် လက်ရှိ အစိုးရ ဂေါင်းဆောင်တိ၊ နိုင်ငံရေးသမားတိ၊ တက္ကသိုလ်ပါမောက္ခတိ၊ နိုင်ငံရေး စီးပွားရေး အကြံပီးအဖွဲ့တိနန့် ဂျာနယ်သမားတချို့ တက်ရောက်ကတ်ဖို့လို့ ဆိုပါရေ။ ယကေလည်း ယင်းအစည်းအဝေးထဲမှာ ဆွေးနွေးပွဲ ရလာဒ်တိစွာ လူထုထဲကို ရောက်လာလေ့ မရှိပါ။ ဘဲလ်ဒါဘာ့ဂျ် မှာ ဆွေးနွေးရေ အကြောင်းအရာ ရလာဒ်တိစွာ ဘဲလ်ဒါဘာ့ဂျ် ထဲမှာရာ ကျန်ခပါရေ။

အေနှစ်ဆွေးနွေးကတ်ဖို့ အကြောင်းအရာတိအထဲမှာ ၁) ဥရောပမှာ သာမန်လူတန်းစားတိအတွက် စိုးရိမ်လာကတ်စွာကို ပိုပနာ ထောက်ခံလာမှု၊ ၂) မညီမျှမှု ကွာဟချက် စိန်ခေါ်မှုတိ၊ ၃) အနာဂတ် အလုပ်အကိုင်၊ ၄) မှတ်ဉာဏ်တု၊ ၅) ၂၀၁၈ ခုနှစ် နှစ်လည် ရွီးကောက်ပွဲ မတိုင်ခင် ယူအက်စ် အနိန်အထား၊ ၆) လွတ်လပ်တေ ကုန်သွယ်ရေး၊ ၇) ယူအက်စ်က ကဗာ့ ဦးဆောင်မှု၊ ၈) ရာရှား၊ ၉) ကွန်တင် တွက်ချက်မှု၊ ၁၀) ဆော်ဒီအာရေးဗီးယားနန့် အီရန်၊ ၁၁) ခံစားချက်ကို ရှိတန်းတင်လာရေ ကဗာ၊ ၁၂) လက်ရှိ ဖြစ်နိန်ရေ အခြေအနေတိ ပါဝင်ဖို့လို့ ဆိုပါရေ။

၂၀၁၈ ခုနှစ် ဆွေးနွေးပွဲကို တက်ရောက်ဖို့ ပုဂ္ဂိုလ်တိ အထဲမှာ အယင် အမေရီကန်နိုင်ငံခြားရေးဝန်ကြီး ဟန်နရီ ကဲ့စ်ဆိန်းဂါ (former US Secretary of State Henry Kissinger)၊ အယင် စီအိုင်အေ ဒါရိုက်တာ ဒေးဗဲ့ဒ် ပီထရာ့စ် (former Director of the Central Intelligence Agency (CIA) David Petraeus)၊ နေတိုး အတွင်းရေးမှူးချုပ် ဂျန်စ် စတော့တန်ဘာ့ဂျ် (NATO Secretary General Jens Stoltenberg)၊ အင်္ဂလန်ဘဏ် အုပ်ချုပ်ရေးမှူး မက်ခ် ဂျေ၊ ကာနီး (Governor of the Bank of England Mark J. Carney)၊ ရိုင်ယန်အဲယား စီအီးအို မိုင်ကဲလ် အိုလဲရီ (CEO of Ryanair Michael O’Leary)၊ အဲယားဘာ့စ် စီအီးအို သိုးမာ့စ် အန်ဒါစ် (CEO of Airbus Thomas Enders) ရို့ ပါဝင်နိန်ပါရေ။

အစည်းအဝေးကို ချပ်သန် ဟောက်ဆ် ဥပဒေ (Chatham House Rule) နန့် ကျင်းပလားပါဖို့။ အဓိပ္ပာယ်က ပြောကတ်တေ အကြောင်းအရာကို ဆွေးနွေးလို့ ရရေ။ အသူက ပြောရေဆိုစွာကို လုံးဝ ထုတ်မပြောရလို့ ဆိုလိုပါရေ။

နှစ်စဉ်နှစ်တိုင်း ယင်းအစည်းအဝေးတိကို လူထုတိက ဆန္ဒပြကတ်လေ့ ရှိပါရေ။ အောက်ခြေလူတန်းစားတိ ဘဝကို ထည့်မတွက်ဘဲ၊ တကဗာလုံးကို တခုတည်း အစိုးရနန့် အုပ်ချုပ်ဖို့၊ ကဗာကြီးမှာ ဖြစ်လာဖို့ အခင်းအကျင်းတိကို ဖန်တီးဖို့၊ မရွီမတွက်နိုင်ရေ အရှုပ်အထွီးတိ ဖြစ်လာဖို့၊ ဆွေးနွေးကတ်တေ ဆိုပနာ လူတိက ယူဆကတ်လို့ပါ။