“ငါရို့စွာ ကိုလိုနီနယ်ချဲ့တိ မဟုတ်။ ပြဿနာ လာမရှာကဲ့။” ရှီက အမေရီကန်ကာကွယ်ရေးဝန်ကြီးကို ပြော

Defense Secretary Mattis during a welcome ceremony in Beijing © Mark Schiefelbein / pool via Reuters
Defense Secretary Mattis during a welcome ceremony in Beijing © Mark Schiefelbein / pool via Reuters

တရုတ်နိုင်ငံစွာ ကိုလိုနီနယ်ချဲ့ဖို့ စိတ်ဝင်စားစွာ မဟုတ်ကေလည်း၊ တရုတ်နယ်မြေ ၁ လက်မကို ကာကွယ်ဖို့အတွက်တော့ ငါရို့ ရှက်လီဖို့ မဟုတ်လို့၊ တရုတ်ဂေါင်းဆောင် ရှီ ကျင်းဘိန် က အမေရီကန်ကာကွယ်ရေးဝန်ကြီး မတ်တဲ့စ် ကို၊ တောင်တရုတ်ပင်လယ်နန့် ထိုင်ဝမ်နိုင်ငံအရေး ကြီးထွားလာရေအတွက်၊ သတိပီးလိုက်ပါရေ။

“တရုတ်နိုင်ငံ အချုပ်အခြာအာဏာနန့် နယ်မြေပိုင်ဆိုင်မှုနန့် ပတ်သတ်လို့ကတော့၊ ငါရို့ အမြင်က ရှင်းလင်း၊ ပြတ်သားပါရေ။ ငါရို့ ဘိုးဘေးဘီဘင်တိ ထားခရေ နယ်မြေတဖဲ့တောင် အဆုံးရှုံးမခံနိုင်ပါ။ တယောက်နန့် မျှဝီဖို့လည်း စိတ်မဝင်စားပါ။” လို့ တရုတ်ဂေါင်းဆောင် ရှီက အမေရီကန်ကာကွယ်ရေးဝန်ကြီး မတ်တဲ့စ်ကို ဘေကျင်းမြို့က ပြည်သူ့ခန်းမကြီး(Great Hall of the People) တွိဆုံစွာမှာ ပြောလိုက်ပါရေ။

“ငါရို့စွာ နယ်မြေချဲ့ထွင်ရေဝါဒနန့်၊ ကိုလိုနီဝါဒကို လားရေ လမ်းကြောင်းကို လိုက်ဖို့မဟုတ်တေပိုင်၊ ကဗာမှာ တခုပြဿနာလည်း ဖြစ်အောင် လုပ်ဖို့မဟုတ်။” လို့လည်း ရှီက ဆက်ပြောလားပါရေ။