တိုင်ဖုန်း ဂျတ်ဘီ တိုက်လို့ ဂျပန်မှာ လူ အနည်းဆုံး ၉ ယောက်သီ၊ ၃၀၀ ကျော် ဒဏ်ရာရ

0
935
© Kyodo / Reuters
© Kyodo / Reuters

ဂျပန်ကမ်းခြေကို ဂျတ်ဘီ လို့ နာမေပီးထားရေ တိုင်ဖုန်းမုန်တိုင်း ဝင်တိုက်လားရေအတွက်၊ ကားတိ ဂျွမ်းထိုးမှောက်ခုံ လန်လားပနာ၊ မီးပွိုင့်တိ ကျိုးကျ၊ အဆောက်အဉီးတိ ပြိုကျလားရေအတွက်နန့် အနည်းဆုံး လူ ၉ ယောက် သီပနာ၊ လူ ၃၀၀ ကျော် ဒဏ်ရာရလားရေလို့ ဆိုပါရေ။

ညဇာက လူ ၁ သန်းကျော်ကို အရေးပေါ် ရွိပြောင်းကတ်ဖို့ သတိပီးခရပနာ၊ လေယာဉ်ခရီးစဉ် ရာပြတ်ကိုလည်း ဖျက်ပလိုက်ရပါရေ။ အဂုထိ ဂျပန်နိုင်ငံတဝန်းမှာ ရီကြီး၊ မီးပြတ်နန့် ခရီးလမ်းတိ ကထိုက်ကရိုက် ဖြစ်နိန်တုန်းပါ။

ကန်ဆိုင်း နိုင်ငံတကာ လေဆိပ်မှာ ခရီးစဉ် ၁၆၂ ခုကို ဖျက်ပလိုက် ရရေအတွက်၊ ခရီးသယ် ၃ ထောင်ကျော် သောင်တင်နိန်တုန်းပါ။ လေယာဉ်ဗြီးလမ်းတိမှာ ရီပြည့်လားရေအတွက်၊ တချို့လေယာဉ်ပျံစက်အစိတ်အပိုင်းတိတောင် ရီနစ်နိန်ရေလို့ ဆိုပါရေ။ ကန်ဆိုင်းလေဆိပ်ကတော့ အေနိတရက်လုံး ဆက်ပိတ်ထားဖို့လို့ ဆိုပါရေ။ ကိုဘီလေဆိပ်ကိုတော့ ဖွင့်ထားပနာ၊ ယင်းကို ပြောင်းစီးချင်ရေ ခရီးသယ်တိအတွက် အခမဲ့ ဘက်စ်ကားတိ စီစဉ်ပီးထားရေလို့ ဆိုပါရေ။

မုန်တိုင်း အရှိန်က ၁ နာရီကို ၂၀၈ ကီလိုမီတာ(၁၂၉ မိုင်)ထိ ပြင်းခပနာ၊ အိုဆာကာမြို့ ပတ်ဝန်းကျင်မှာ လူ ၁.၆ သန်း မီးပြတ်နိန်တုန်းလို့ ဆိုပါရေ။ နှစ်ပေါင်း ၂၅ နှစ်မှာ အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပနာ၊ ဆက်သွယ်ရေးစနစ်တိ အဂုထိ ပြတ်တောက်နိန်တုန်းလို့ ဆိုပါရေ။

အေနိ မိုးသောက်ဖက် ၉ နာရီမှာတော့ခါ မုန်တိုင်း အားပျော့လားပနာ၊ ဂျပန်ကမ်းခြေက ဆုတ်ခွာလားဗျာလ်လို့ ဂျပန် မိုးလေဝါသဌာနက ဆိုပါရေ။