မွင်တီ ရောဘတ်စ်

0
337
Courtesy of Afonso Westphal: Monty Roberts

တခါက မြင်းခြံ တခြံဗြီး တခြံ လည်ပနာ မြင်းစာကျွေးရရေ အလုပ်သမားတယောက် ရှိရေ။ ယင်းလူမှာ သားချေ တယောက် ရှိပနာ၊ တခါတရီမှာ အဖသယ်နန့် လိုက်ပနာ မြင်းကျောင်းပီးရရေ အတွက်နန့် ကျောင်းကို မှန် တရက်၊ မမှန် တရက်။

ယင်းအချေ အထက်တန်း ရောက်တေခါ၊ တရက်နိန့် “ကြီးကေ ဇာလုပ်ဖို့” ဆိုရေ ဂေါင်းစဉ်နန့် စာစီစာကုံး တပုဒ် ရွီးခိုင်းရေ။ ယင်းသူက ချက်ချင်း ၇ မျက်နှာ ရှည်ရေ စာစီစာကုံး တပုဒ် ရွီးပလိုက်တေ။ ယင်းစာစီစာကုံးမှာ ယင်းသူက ဧရာမ မြင်းခြံကြီး တခြံ ပိုင်ရှင် ဖြစ်ဖို့၊ မြင်းစောင်းတိ၊ မြင်းကျောင်းဖို့ နိန်ရာတိနန့် နိန်ဖို့ အိမ်ကြီးတလုံး အကြောင်းပါ အသေးစိတ် ရွီးထားရေ။

နှစ်ရက်ကြာရေခါ စာစီစာကုံး ရမှတ်တိ ထွက်ပါလတ်တေ။ ယင်းသူ့ စာစီစာကုံး အမှတ်က “အပ်ဖ်”၊ မအောင်။ အတန်းဗြီးရေခါ “ကျွန်တော့် စာစီစာကုံး ဇာအတွက် အပ်ဖ် ရာ ရပါလေ။” လို့ မိန်းရေခါ ဆရာမက “မင်း ဖြစ်ချင်စွာက အိမ်မက်ရာ ဖြစ်နိန်လို့။ မင်းပိုင် ဆင်းရဲပနာ၊ ပညာလည်း မတော်ရေ လူတယောက်အတွက် စာစီစာကုံးထဲကပိုင် လက်တွိ ဖြစ်လာဖို့ တခု အခြေအနေလည်း မရှိ။ ယင်းအတွက်နန့် မင်းဖြစ်ချင်စွာရေ လက်တွိ မဖြစ်နိုင်ရေ အိမ်မက်ရာ ဖြစ်တေ။ လက်တွိ ဖြစ်နိုင်ဖို့ စာစီစာကုံး တပုဒ် ပြန်ရွီးပါ။” ဆိုပနာ ပြောရေ။

အိမ်ကို ရောက်တေခါ “ပါပါ၊ မောင်မောင် စာစီစာကုံးကို ဇာပိုင် ပြန်ရွီးရဖို့လဲ။” လို့ မိန်းရေ။ အဖသယ်က “မောင်မောင်၊ အေချင့်စွာ ကကောင်း အရေးကြီးရေ ကိစ္စ။ မောင်မောင် တဘဝလုံးနန့် ဆိုင်ရေ။ မောင်မောင် ဘာသာ မောင်မောင် ဆုံးဖြတ်။” ဆိုပနာ ပြောလိုက်တယ်။

ရက်အင်တန် ကြာလားဗြီးရေ နောက်မှာ ယင်းကလေချေစွာ စာစီစာကုံးကို ဆရာမဘားကို ပြန်လားတင်ရေ။ စာစီစာကုံးက အယင်ကအတိုင်း၊ တခုလည်း ပြောင်းလဲထားစွာ မရှိ။ အဗြီးကေ ဆရာမကို ပြောလိုက်စွာက “ဆရာမ အပ်ဖ် ပီးကေလည်း ပီးပါ။ ယကေလည်း ကျွန်တော်ကတော့ခါ ကျွန်တော့် အိမ်မက်ကို အပျက်မခံနိုင်ပါ။” လတ်။

ယင်းကလေချေစွာ အဂုအချိန်မှာ ဧက ၂၀၀ ကျယ်ရေ ခြံဝင်းကြီးထဲက ဧရိယာ ပေ ၄ ထောင် ရှိရေ အိမ်ကြီးနန့် နိန်ရေ မွင်တီ ရောဘတ်စ် ဆိုရေ လူ ဖြစ်လာပါရေ။ ခြံထဲမှာ မြင်းမျိုးစုံ၊ မြင်းဇောင်းမျိုးစုံ ရှိပါရေ။

သူ ရွီးခရေ စာစီစာကုံးကိုလည်း အိမ်ရှိ မီးလင်းဖိုမှာ မှန်ဘောင်သွင်းပနာ ချိတ်ထားပါရေ။

စံဂိုးအောင်

မှတ်ချက် – ကိုယ် ဖြစ်ချင်စွာ နောက်ကို တစိုက်မတ်မတ် လိုက်ကတ်ပါ။ ကိုယ့် အိမ်မက်ကို သူများ ခိုးမလားဇီပါကဲ့။

Leave a Reply

Please Login to comment
  Subscribe  
Notify of