ငလျှင်၊ ဆူနာမီ အဗြီး၊ အိန်ဒိုနီးရှား ဆူလာဝီဆီ မှာ မီးတောင်ပေါက်ပြန်

Source: Twitter @KarlisSalna
Source: Twitter @KarlisSalna

ဗြီးခရေ သောက်ကြာနိက အိန်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝီဆီမှာ ငလျှင် အကြီးအကျယ် ၂ ခါ လှုပ်ပနာ၊ ဆူနာမီ ရီလှိုင်း တက်လာလို့ လူပေါင်း ၁,၃၀၀ ကျော် သီခရရေနောက်မှာ၊ အေနိ ဆိုပူတန်(Mount Soputan) မီးတောင် ပေါက်ပြန်ပါရေ။ ညဇာကလည်း ပြင်းအား ၆ ဝန်းကျင်ရှိရေ ငလျှင် ၂ ခါ ထပ်ဆင့် လှုပ်ခါလားပါသိမ့်ရေ။

အဆက်မပြတ် မြေအောက် လှုပ်ရှားမှုတိ ဖြစ်ဗြီးရေနောက်မှာ၊ ဆိုပူတန်မီးတောင် ပေါက်ကွဲလာရေအတွက်၊ မီးတောင် ပြာတိက မီတာ ၄၀၀ (ပေ ၁,၃၀၀ ကျော်) ကျော်ထိ လီထက်ကို တက်နိန်ပါရေ။ ပြာတိက အနောက်ဖက်နန့်၊ အနောက်မြောက်ဖက်ကို ဉီးတည်ရွိလျှားနိန်ရေအတွက်၊ အရေးပေါ် သတိပီး အဆင့် ၃ ကို ထုတ်ပြန်ထားပါရေ။

မီးတောင် ချော်ရည်တိ ထွက်လာနိုင်ပနာ၊ ပြာမှုန့်တိက အန္တရာယ် ဖြစ်စီနိုင်ရေအတွက်၊ အချင်းဝက် ၆.၅ ကီလိုမီတာ အကွာအဝေးအတွင်းက၊ ပြည်သူတိကို အိမ်ယာစွန့် ထွက်လားကတ်ဖို့လည်း၊ အရေးပေါ် နှိုးဆော်နိန်ပါရေ။ အသက်ရူလမ်းကြောင်းမှာ ပြဿနာတိ မဖြစ်ရအောင်၊ မျက်နှာဖုံး၊ ပဇဖုံး နခေါင်းဖုံးတိ တပ်ထားကတ်ဖို့လည်း တိုက်တွန်းနိန်စွာကို တွိရပါရေ။

လေကြောင်းလှိုင်းတိအတွက် မီးတောင် စောင့်ကြည့်ရေး သတိပီးချက် (Volcano Observatory Notice for Aviation (VONA)) ကလည်း လိမ္မော်ရောင်အဆင့်ကို မြှင့်တင်ထားစွာကို တွိရပါရေ။


အဂုထိတော့ မီးတောင် ပေါက်ကွဲလို့ ထိခိုက်မှု တစုံတရာ မရှိသိမ့်လို့၊ အမျိုးသား သဘာဝဘေးအန္တရာယ် တန်ပြန်တုန့်ပြန်ရေးအဖွဲ့ (National Agency for Disaster Countermeasure (BNPB)က ပြောလားပါရေ။