ရာစုနှစ်ထဲမှာ အပြင်းဆုံး ဟာရီကိန်းမုန်တိုင်း အမေရီကန်ပြည်ထောင်စုကို ဝင်တိုက်

0
1171
© AFP / JOE RAEDLE
© AFP / JOE RAEDLE

ပြင်းအားအဆင့် ၄ (category-4)ထိ ရှိရေ၊ မိုင်ကယ်(Hurricane Michael)လို့ နာမေပီးထားရေ ဟာရီကိန်းမုန်တိုင်းစွာ အမေရီကန်ပြည်ထောင်စု၊ ဖလော်ရီဒါ(Florida)ပြည်နယ် မက္ကဆီကိုကမ်းခြေ(Mexico Beach)ကို ၁ နာရီ ၁၅၅ မိုင်(၂၅၀ ကီလိုမီတာ)နှုန်းနန့် ဗုဒ္ဓဟူးနိ နိခင်းက စပနာ ဝင်တိုက်လားပါရေ။

အပင် လဲပနာ အိမ်ကို ပိကျလို့၊ ဖလော်ရီဒါပြည်နယ် ဂတ်ဆ်ဒန် ခရိုင်(Gadsden County)မှာ လူတယောက် သီရေပိုင်၊ ဂျော်ဂျီယာပြည်နယ်(Georgia)၊ ဆီမီနိုး ခရိုင်(Seminole County)မှာလည်း အချေတယောက် အလားတူ အဖြစ်မျိုးနန့် သီလားပါရေ။

© AFP / BRENDAN SMIALOWSKI
© AFP / BRENDAN SMIALOWSKI

လူ ၂,၀၀၀ ရှိရေ မြို့တမြို့စွာ တစစီ ဖွဇာကြဲနိန်ရေ အမှိုက်တိ ဖြစ်လားစွာကို၊ ဗွီဒီယို၊ ဓါတ်ပုံတိမှာ တွိရပါရေ။

မက္ကဆီကို ကမ်းခြေက မိုင် ၂၀ လောက် ဝီးရေ၊ ပနားမားမြို့တော်(Panama City)မှာ အပင်တိ၊ ဓါတ်မီးတိုင်တိ လဲပနာ၊ အိမ်တိ အခေါင်တိ ပွင့်နိန်စွာကို တွိရပါရေ။ တချို့ အဆောက်အဉီးတိ ရစရာ မရှိအောင် ပြိုပျက်နိန်စွာကိုလည်း တွိရပါရေ။

© AFP / BRENDAN SMIALOWSKI
© AFP / BRENDAN SMIALOWSKI

အေမုန်တိုင်းစွာ ရာစုနှစ်အတွင်း၊ ဖလော်ရီဒါ ပန်ဟန်းဒါးလ်(Florida Panhandle)ကို ဝင်တိုက်တေ မုန်တိုင်းတိ အထဲမှာ၊ အပြင်းထန်ဆုံးပါ။ ရီကြီးပနာ လမ်းတိ၊ အိမ်တိလည်း အမြုပ်ခံရပါရေ။

ဖလော်ရီဒါပြည်နယ်က အနည်းဆုံး လူနိန်အိမ် ၃ သိန်းလောက်၊ မီးပြတ်နိန်ပါရေ။

ဗုဒ္ဓဟူးနိ ညဇာဖက်မှာ မုန်တိုင်းစွာ ပြင်းအား ၃ အဆင့်(category-3)ကို လျော့ကျလားပနာ၊ အဲလ်ဘားမား(Alabama) နန့် ဂျော်ဂျီးယား(Georgia) ပြည်နယ်တိကို ဆက်ဝင်လားပါသိမ့်ရေ။


ဗုဒ္ဓဟူးနိ ညဉ့်မှာ၊ ဂျော်ဂျီးယားပြည်နယ်မှာ အိမ်ပေါင်း ၁ သိန်း ၂ သောင်း ၅ ထောင်နန့် အဲလ်ဘားမားပြည်နယ်မှာ အိမ်ပေါင်း ၅ သောင်း ၂ ထောင် မုန်တိုင်းဒဏ်နန့် မီးပျက်လားပါရေ။

ညဉ့် ၈ နာရီမှာ မုန်တိုင်း ပြင်းအားအဆင့် ၁ (category-1)ကို လျော့ကျလားပနာ၊ ၁ နာရီ လီတိုက်နှုန်း ၉၀ မိုင်(၁၄၄ ကီလိုမီတာ)ကို လျော့ကျလားရေလို့ အမျိုးသား ဟာရီကိန်း ဗဟိုဌာန(National Hurricane Center)က ပြောပါရေ။