ဖေ့ဆ်ဘုတ်ခ် အကောင့် သန်း ၃၀ အဟပ် ခံရရေ အထဲမှာ ကိုယ် ပါ၊ မပါ အေမှာ စစ်ကြည့်ပါ

0
1122
© Facebook have created a page for users to check if they were affected by the most recent hacking scandal. © Reuters / Dado Ruvic
© Facebook have created a page for users to check if they were affected by the most recent hacking scandal. © Reuters / Dado Ruvic

ဗြီးခရေ ဆပ်တန်ဘာလထဲမှာ၊ ဖေ့ဆ်ဘုတ်ခ် အသုံးပြုနိန်ရေ အကောင့်ပေါင်း သန်း ၃၀ လောက်၊ အဟပ်ခံရရေလို့ ဖေ့ဆ်ဘုတ်ခ်က ဆိုပါရေ။

လက်ရှိမှာ၊ ဖေ့ဆ်ဘုတ်ခ် အသုံးပြုနိန်ရေ အကောင့်ပေါင်း သန်း ၂၀၀၀ လောက် ရှိပနာ၊ လူတိုင်း အဟပ်ခံရရေ သန်း ၃၀ ထဲမှာ ကိုယ့် အကောင့် ပါ၊ မပါကို၊ ဖေ့ဆ်ဘုတ်က သီးသန့် ဖွင့်ထားရေ ‘help centre’ ကို နှိပ်ပနာ လားကြည့်နိုင်ပါရေ။

ကိုယ့်ဖေ့ဆ်ဘုတ်ခ် အကောင့်ကို အယင်ဖွင့်ပနာ၊ ဖေ့ဆ်ဘုတ်က ဖွင့်ထားရေ နောက်က လိင့်ခ်ကို၊ နှိပ်ဗျာလ် လားကြည့်ပါ – https://www.facebook.com/help/securitynotice?ref=sec

ယင်းစာမျက်နှာကို ကိုယ့် ဖေ့ဆ်ဘုတ် အကောင့်နန့် ဖွင့်ပနာ ဝင်ကြည့်ကေ၊ ယင်းစာမျက်နှာ အောက်ဖက်နားမှာ အောက်က ပုံအတိုင်း၊ ကိုယ့် အကောင့် အဟပ် ခံရရေ အထဲမှာ ပါ၊ မပါ၊ သိနိုင်ပါရေ။ မပါဆိုကေ၊ အောက်က စာသားအတိုင်း တွိပါလိမ့်မေ။

Is my Facebook account impacted by this security issue?
Is my Facebook account impacted by this security issue?

အဟပ် ခံရရေ အထဲမှာ၊ အကောင့်ပေါင်း ၁၅ သန်းက၊ နာမေနန့် အဆက်အဆံ ရှိရေ လူစာရင်းတိ ပါလားရေလို့ ဆိုပါရေ။ ကျန် အကောင့်ပေါင်း ၁၄ သန်းက ကိုယ်ရေးမှတ်တမ်း၊ အသုံးပြုနိန်ရေ ဖုန်း၊ ကွင်ပျူတာ ကရိယာအမျိုးအစား၊ ပညာရေး၊ အလုပ်အကိုင် အချက်အလက်တိ အားလုံး ပါလားရေလို့ ဆိုပါရေ။

“အေပိုင် ဖြစ်လားလို့ ကျွန်တော်ရို့ စိတ်မကောင်းပါ။ ဖေ့ဆ်ဘုတ်ခ် အသုံးပြုနိန်ရေ လူတိ ပုဂ္ဂိုလ်ရေး အချက်အလက်တိကို ကာကွယ်ပီးဖို့၊ ကျွန်တော်ရို့အတွက် ကကောင်း အရေးကြီးပါရေ။” လို့ ဖေ့ဆ်ဘုတ်ခ်က ပထမဆုံးအကြိမ် အများကို တောင်းပန်ထားစွာကို တွိရပါရေ။

အမေရီကန်ပြည်ထောင်စု အမျိုးသားထောက်လှမ်းရေးအဖွဲ့၊ အပ်ဖ်ဘီအိုင်(FBI)က အေပိုင် ဖေ့ဆ်ဘုတ်ခ် အဟပ်ခံရစွာကို စုံစမ်းစစ်ဆေးမှု လုပ်နိန်ရေလို့ ဆိုပါရေ။