
(ဆိန်ကာပေါ် The Straits Times သတင်းစာပါ၊ ဂျန်နဝါရီလ ၈ ရက် ၂၀၁၉ ခုနှစ် ထုတ် သတင်းကို တိုက်ရိုက် ပြန်ဆိုထားပါရေ။)
ရန်ကုန် – ရခိုင်ပြည်မှာ ရဲစခန်းတိ အတိုက်အခိုက်ခံရစွာနန့် ပတ်သတ်လို့၊ စစ်တပ်ဂေါင်းဆောင်နန့် မြန်မာဂေါင်းဆောင် အောင်ဆန်းစုကြည် ရှားရှားပါးပါး တွိဆုံဆွေးနွေးရေလို့ ဆိုပါရေ။ အပြီးကေ သူရို့ ဦးဆောင်ရေ အစိုးရအဖွဲ့က သပုန်တိကို “အမှုန့်ခြီပလိုက်” ဖို့ တောင်းဆိုလိုက်တေလို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောလားရေလို့ ဆိန်ကာပေါ် နိုင်ငံထုတ် The Stratits Times သတင်းစာမှာ ဖော်ပြထားပါရေ။
မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဇော်ဌေး အဆိုအရ၊ မစ္စ စုကြည်၊ သမ္မတ ဝင်းမြင့် နန့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတိက၊ စစ်တပ်ဂေါင်းဆောင်တိ ဖြစ်တေ၊ စစ်တပ်ဂေါင်းဆောင် မင်းအောင်လှိုင်၊ သူ့ ဒုဂေါင်းဆောင်နန့် စစ်ထောက်လှမ်းရေးဂေါင်းဆောင်ရို့နန့် တွိဆုံပနာ၊ “နိုင်ငံခြားရေးရာနန့် အမျိုးသားလုံခြုံရေး” ကို ဆွေးနွေးလားကတ်တေလို့ ဆိုပါရေ။
မြန်မာတိ လွတ်လပ်ရေးနိ ကျင်းပနိန်ရေ နိမှာ၊ ရဲစခန်း ၄ ခုကို သပုန်တိက ဝင်ပနာ တိုက်ခိုက်လားရေအတွက်၊ ရဲသား ၁၃ ယောက် သီပနာ၊ ၉ ယောက် ဒဏ်ရာ ရလားရေလို့ အစိုးရပိုင် မီဒီယာတိမှာ ဖော်ပြထားရေလို့ ဆိုပါရေ။
“သမ္မတရုံးက အစွမ်းရောက်တိကို အမှုန့်ခြီပလိုက်ဖို့အတွက်၊ စစ်တပ်ကို စစ်ဆင်ရေး တခုလုပ်ဖို့ ညွှန်ကြားလိုက်တေ။” လို့ နေပြည်တော်မှာ လုပ်တေ သတင်းစာ ရှင်းလင်းပွဲမှာ ဇော်ဌေးက ပြောလားပါရေ။
ကုလသမဂ္ဂအဆိုအရ အနောက်ဖက်ပြည်နယ် ရခိုင်မှာ အစိုးရစစ်တပ်နန့်၊ သပုန် ရခိုင့်တပ်မတော် ရို့ တိုက်ပွဲဖြစ်နိန်ကတ်လို့၊ အယင်လ အစောပိုင်းကပင် လူ ထောင်ချီပနာ နိန်ရာ ရွိပြောင်းထားရရေလို့ ဆိုပါရေ။
ရခိုင်ပြည်မှာ မူရင်းလူမျိုး ရခိုင် ဗုဒ္ဓဘာသာတိက လူများစုဖြစ်ပနာ၊ ရခိုင့်တပ်မတော်က ပိုလွတ်လပ်တေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းဆိုလာစွာပါ။
မြန်မာနိုင်ငံ ပြင်ပက ရခိုင့်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာစ်(Reuters) သတင်းဌာနနန့် အယင်အပတ်က တွိဆုံစွာမှာ၊ ရခိုင်ပြည် မြောက်ပိုင်းမှာ၊ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ထိုးစစ်ဆင်နွဲလာပနာ၊ အရပ်သားတိကိုလည်း ပစ်မှတ်ထားလို့၊ အေပိုင် လုံခြုံရေးတပ်တိကို လက်တုန့်ပြန် တိုက်ခိုက်ရစွာလို့ ရှင်းပြလားပါရေ။
ကုလသမဂ္ဂရုံး လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းရေးအဖွဲ့ (The UN Office for the Coordination of Humanitarian Affairs)က၊ အယင်လက စပနာ တိုက်ပွဲတိ ဖြစ်နိန်လို့၊ ဘုန်းကြီးကျောင်းတိနန့် အများထောက်ပံ့ထားရေ နိန်ရာတိမှာ ခိုလုံလာရေ အရပ်သား ၄၅၀၀ ကျော်လားဗျာလ်လို့ ညဇာက ပြောလားပါရေ။
ဇော်ဌေး ကတော့ ရခိုင့်တပ်မတော်ကို အစွမ်းရောက်အဖွဲ့အစည်းတခုလို့ ပြောလားပနာ၊ ရိုဟိန်ဂျာ အစွန်းရောက်တိကို ကာကွယ်ဖို့အတွက် ချထားရေ လုံခြုံရေးတပ်တိကို အလှစ်အငိုက် တိုက်လားရေလို့ ဆိုပါရေ။
ရခိုင်ပြည်အတွက် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်ဇီနိုင်ရေအတွက်၊ ရခိုင့်တပ်မတော်ကို မထောက်ခံကတ်ဖို့ ဇော်ဌေး က သတိပီးလားရေလို့ ဆိုပါရေ။
မစ္စတာ ဇော်ဌေး က အာရ်ရကန် ရိုဟိန်ဂျာ ကယ်တင်ရေး တပ်(Arakan Rohingya Salvation Army)နန့် ရခိုင့်တပ်မတော်ရို့ တွိဆုံမှုတိ ရှိရေလို့လည်း၊ စွပ်စွဲလားပါရေ။ ယင်း ရိုဟိန်ဂျာ တပ်ကိုလည်း မြန်မာက အစွမ်းရောက်တပ်လို့ သတ်မှတ်ထားပနာ၊ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အခြေစိုက်စခန်းတိ ရှိနိန်လို့၊ အမြစ်ပြုတ် ချေမှုန်းလို့ မရ ဖြစ်နိန်ရေလို့ ဆိုပါရေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန နန့် နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိ ၂ ယောက်က၊ အေစွပ်စွဲချက် မဟုတ်မမှန်လို့ ငြင်းဆိုထားပါရေ။
တခြား သပုန်တိ လှုပ်ရှားနိန်ရေ မြန်မာနိုင်ငံ တခြားနိန်ရာတိက၊ ယာယီ အပစ်အခတ် ရပ်စဲထားရေ အကြောင်းအရာတိကိုလည်း၊ မြန်မာအစိုးရနန့် စစ်တပ်ဂေါင်းဆောင်တိ ဆွေးနွေးလားရေလို့ ဇော်ဌေး က ပြောလားပါရေ။