ဝူဟန်း ကိုရိုနာဗိုင်းရာ့ဆ် လူ ၆ ထောင်ကျော်ထိ ကူးစက်လာ

Commuters wear protective masks in Hong Kong, China, on Wednesday. Paul Yeung/Bloomberg/Getty Images
Commuters wearing protective masks walk through Hong Kong Station, operated by MTR Corp., in Hong Kong, China, on Wednesday, Jan. 29, 2020. Governments tightened international travel and border crossings with China as they ramped up efforts to stop the spread of the disease. Photographer: Paul Yeung/Bloomberg via Getty Images

လွန်ခရေ ဒီဇန်ဘာလကနိန် ဝူဟန်း ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူအရေအတွက်စွာ၊ အဂုဆိုကေ ၆ ထောင်ကျော်ကို ရောက်လာပါဗျာလ်။

၂၀၀၂ – ၂၀၀၃ ခုနှစ်အတွင်း ၉ လကြာ ဆားဆ်(SARS) ဗိုင်းရာ့ဆ် ကူးစက်ခံရစွာမှာ လူပေါင်း ၈,၀၉၈ ယောက် ရှိခပါရေ။ ကိုရိုနာဗိုင်းရာ့ဆ် စပြန့်စွာက ၂ လရာ ရှိသိမ့်ကေလည်း၊ အေအတွင်းမှာ ကူးစက်ခံရရေ လူပေါင်းက ၆,၀၀၀ ကျော်လာရေအတွက်၊ ရာခိုင်နှုန်းနန့် ပြောဖို့ဆိုကေ၊ ဆားဆ်ဗိုင်းရာ့ဆ် အကူးခံခရရေ လူအရေအတွက် ၇၅% ကို ရောက်နိန်ပါရေ။

၂ လအတွင်း ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရရေ လူနာပမာဏနန့် ၉ လကြာ ဆားဆ်ဗိုင်းရာ့ဆ် ကူးစက်ခရေ လူနာပမာဏ နှိုင်းထားပုံ

လက်ရှိမှာ ဝူဟန်း ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံရပနာ သီရေ လူ ရာခိုင်နှုန်းက ၂.၁% ဖြစ်ပနာ၊ ဆားဆ်ဗိုင်းရာ့ဆ် ကူးစက်ခံရရေခါ သီရေ လူ ရာခိုင်နှုန်းက ၉.၆% ရှိခပါရေ။ အယင် ကိုရိုနာဗိုင်းရာ့ဆ် တမျိုးဖြစ်တေ၊ မားဆ်(Middle East respiratory syndrome (MERS) ) ဗိုင်းရာ့ဆ် ကူးစက်ခံရခါ သီခရေ လူ ရာခိုင်နှုန်းကလည်း ၃၅% ထိ ရှိခပါရေ။ ပြောဖို့ဆိုကေ အယင် ဆားဆ်၊ မားဆ် ဗိုင်းရာ့ဆ်တိလောက်တော့ခါ မပြင်းသိမ့်လို့ ပြောရပါဖို့။

လောလောဆယ် ဝူဟန်း ကိုရိုနာဗိုင်းရာ့ဆ် ကူးစက်ခံနိန်ရရေ ကဗာတဝှမ်းက နိုင်ငံတိကို အောက်ပုံမှာ တွိနိုင်ပါရေ။

ပြင်ဆင်ချက် – အေသတင်းတင်ဗြီးလို့ နာရီဝက်အကြာမှာ၊ နောက်ဆုံးသတင်းတက်လာစွာက လူပေါင်း ၇ ထောင်ကျော်ထိ ကူးစက်လားဗျာလ်ဆိုစွာနန့်၊ တရုတ်နိုင်ငံမှာ လူပေါင်း ၁၇၀ ထိ သီလားဗျာလ်လို့ သိရပါရေ။ ဝူဟန်းမြို့ တခုတည်းမှာ ၁၆၂ ယောက် သီပနာ၊ လူပေါင်း ၄,၅၈၆ ယောက် ကူးစက်ခံနိန်ရဗျာလ်လို့ သိရပါရေ။ ၁ ရက်တည်းမှာ ၃၂ ယောက် ထပ်သီပနာ၊ ၁,၀၃၂ ယောက် ထပ်ကူးခံရစွာပါ။