ထိုင်းမှာ သဘာဝဓါတ်ငွေ့ရည် မလုံလောက်ဖြစ်လာလို့ ရာရှားက တင်သွင်းဖို့ မျက်စိကျနိန်

0
1134
Vessel carrying liquefied natural gas (LNG) cargo from Russia's Yamal LNG project © Reuters
Vessel carrying liquefied natural gas (LNG) cargo from Russia's Yamal LNG project © Reuters

ထိုင်းစျီးကွက်ထဲကို သဘာဝဓါတ်ငွေ့ရည်(liquefied natural gas (LNG))၊ တင်သွင်းဖို့ စိတ်ဝင်စားနိန်ရေလို့၊ ရာရှား စွမ်းအင်ဝန်ကြီးဌာနက ပြောပါရေ။ ထိုင်း နန့် ရာရှား၊ နှစ်နိုင်ငံအကြားမှာ၊ စွမ်းအင်နန့် ပတ်သတ်လို့ ပူးတွဲဆောင်ရွက်လာခစွာ၊ နှစ်ပရိစ္ဆေတ ကြာဗျာလ်လို့ ဆိုပါရေ။

ထိုင်းနိုင်ငံမှာ စွမ်းအင်ထုတ်တေ အဆောက်အအုံတိ၊ ရာရှာကုမ္ပဏီတိ တည်ဆောက်ပီးနိုင်ဖို့အတွက်လည်း၊ ဝန်ကြီးဌာနက စဉ်းစားသုံးသပ်နိန်ရေလို့ ဆိုပါရေ။

ထိုင်းနိုင်ငံမှာ သဘာဝဓါတ်ငွေ့ မလောက်မငှ ဖြစ်လာလို့၊ ရာရှားနိုင်ငံကို အဓိက ပံ့ပိုးပီးနိုင်ရေ နိုင်ငံအဖြစ် မြင်ရေလို့၊ ထိုင်း စွမ်းအင်ဝန်ကြီး ဆြီ ဂျီရပွင်ဖန်(Thailand’s Energy Minister Siri Jirapongphan)က ဆပါ့နိခ်(Sputnik) သတင်းဌာနနန့် တွိဆုံစွာမှာ ပြောလားပါရေ။

“ကျွန်တော်ရို့ သဘာဝဓါတ်ငွေ့ရည်ကို၊ နိုင်ငံပေါင်းစုံက တင်သွင်းဖို့၊ စဉ်းစားနိန်ပါရေ။ လက်ရှိမှာ၊ အရှိအလယ်ပိုင်း၊ သြစတြီးလီးယား၊ အမေရီကန်ပြည်ထောင်စု နန့် အာရှတောင်ပိုင်းရို့က တင်သွင်းနိန်ပါရေ။ ကန်နေဒါနိုင်ငံနန့် တခြားနိုင်ငံတိကလည်း တင်သွင်းဖို့အတွက်၊ စဉ်းစားနိန်ပါရေ။ ရာရှားနိုင်ငံလည်း အပါအဝင် ပါ။” လို့ ဂျီရပွင်ဖန် က ပြောလားပါရေ။

ထိုင်းနိုင်ငံစွာ လက်ရှိမှာ၊ ၁ နှစ်ကို သဘာဝဓါတ်ငွေ့ရည် တန်ချိန် ၅ သန်း၊ တင်သွင်းနိန်ရပါရေ။ သဘာဝဓါတ်ငွေ့ ပြည်တွင်းထုတ်လုပ်မှု ကျဆင်းလာရေအတွက်၊ လာဖို့ ၁၀ နှစ် – ၁၅ နှစ်အတွင်းမှာ၊ တန်ချိန် ၂၀ – ၂၅ သန်းထိ၊ တင်သွင်းရဖို့လို့ ထိုင်းနိုင်ငံက ခန့်မှန်းထားပါရေ။