အေလူ ၃ ယောက်ပေါင်း ပိုင်ဆိုင်မှုက အမေရီကန်နိုင်ငံသား တဝက် ဆင်းရဲသားတိ စုစုပေါင်း ပိုင်ဆိုင်မှုထက် ပိုများရေ

0
1289
Bill Gates, Warren Buffett, Jeff Bezos © Reuters
Bill Gates, Warren Buffett, Jeff Bezos © Reuters

အမေရီကန်ပြည်ထောင်စုမှာ အချမ်းသာဆုံး ဖြစ်တေ ဘဲလ် ဂိတ်စ်၊ ဂျပ်ဖ် ဘီဇိုစ် နန့် ဝါရမ်း ဘာ့ဖ်ဖတ်  ရို့ ၃ ယောက် စုစုပေါင်း ပိုင်ဆိုင်မှုက အမေရီကန်ပြည်ထောင်စုက သန်း ၁၆၀ ရှိရေ ဆင်းရဲသားတိ စုစုပေါင်း ပိုင်ဆိုင်မှုထက် ပိုများရေလို့ ဆိုပါရေ။

ယင်း ဘီလီယံနာ ၃ ယောက် စုစုပေါင်း ချမ်းသာမှုက ၂၄၈.၅ ဘီလီယံ ရှိပနာ၊ ဆင်းရဲသား အမေရီကန် သန်း ၁၆၀ (ဝါ) အိမ်ထောင်စုပေါင်း ၅၃ သန်း ပိုင်ဆိုင်မှုနန့် လားညီရေလို့ ဆိုပါရေ။

“လူအများစု ယလောက် ပပင်ပပန်း ရုန်းကန် လှုပ်ရှားနိန်ရရေ အချိန်မှာ၊ ရှိသမျှ ဖေသာတိက လူတစုချေ လက်ထဲကို ရောက်လားစွာက စီးပွားရေး ဆုတ်ယုတ်စွာ တခုတည်း မဟုတ်ဘဲ လူ့ကျင့်ဝတ် ပဋိပက္ခ တခုလည်း ဖြစ်နိန်ရေ။” လို့ ရုတ်တရက် ချမ်းသာလာရေ ဘီလီယံနာတိ-၂၀၁၇ ခုနှစ် (Billionaire Bonanza 2017) စာတမ်းကို ပါဝင် ရွီးသားရေ ဂျို့ဆ် ဟိုဇီ က ပြောပါရေ။

အမေရီကန်ပြည်ထောင်စုက အချမ်းသာဆုံး လူ ၄၀၀ စုစုပေါင်း ချမ်းသာမှုစွာ ၂.၆၈ ထရီလီယံ ရှိပနာ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ တနိုင်ငံချင်းစီ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီဘီ – gross domestic product (GDP)) ထက် ပိုများရေလို့ ဆိုပါရေ။

“ကျွန်တော်ရို့ နိုင်ငံက အချမ်းသာဆုံး လူ ၄၀၀ ချမ်းသာမှုက ဆင်းရဲသား အမေရီကန်နိုင်ငံသား ၆၄% (ဝါ) မိသားစုပေါင်း သန်း ၈၀ (ဝါ) ဆင်းရဲသားဦးရေ ၂၀၄ သန်း စုစုပေါင်း ချမ်းသာမှုထက် ပိုများပါရေ။ လူဦးရေ ၂၀၄ သန်းဆိုစွာ ကန်နေဒါနိုင်ငံနန့် မက္ကဆီကိုနိုင်ငံ ၂ နိုင်ငံပေါင်း လူဦးရေထက် ပိုများရေ။” လို့ ယင်းစာတမ်းမှာ ဖော်ပြထားပါရေ။

ကိုးကား – https://www.rt.com/business/409316-gates-buffett-bezos-poor-wealth/