ကဗာမှာ နိုင်ငံခြားသားတိ ညအိပ် အလည်လာဆုံး မြို့က၊ ထိုင်းနိုင်ငံ ဘန်ကော့ခ်မြို့ ဖြစ်ပါရေ။ ပျမ်းမျှ ၁ နှစ်ကို နိုင်ငံခြားသား သန်း ၂၀ လောက် အလည် ရောက်ပနာ၊ ၂၀၁၈ ခုနှစ်မှာလည်း ၉.၆ ရာခိုင်နှုန်း ပိုပနာ အလည်ရောက်တေအတွက်၊ ဘန်ကော့ခ်မြို့ကို ကျော်လားဖို့ တခြား မြို့ကြီးတိ မရှိနိုင်သိမ့်ပါ။
ယကေလည်း ညအိပ် အလည်ရောက်တေ နိုင်ငံခြားသား ပမာဏနန့်၊ ဖေသာ သုံးရေ ပမာဏ တိုက်ရိုက် အချိုးမကျစွာကို Mastercard Destination Cities Index မှာ တွိရပါရေ။ ကဗာမှာ ညအိပ် အလည်ရောက်တေ နိုင်ငံခြားသားတိ၊ ဖေသာ အသုံးအများဆုံး မြို့ကြီး ၁၀ မြို့ကို ချပြရဖို့ဆိုကေ –
၁) ဒူဘိုင်းမြို့(Dubai)
အယင်နှစ်က ယူအေအီး(UAE)မြို့တော် ဒူဘိုင်းမြို့ကို ညအိပ် အလည်လာရေ နိုင်ငံခြားသား ၁၅.၇၉ သန်း ရှိပါရေ။ ယင်းလူတိ သုံးခရေ ဖေသာက အမေရီကန် ဒေါ်လာ ၂၉.၇၀ ဘီလီယံ ရှိပါရေ။

၂) မက္ကာမြို့(Mecca)
အယင်နှစ်က ဆော်ဒီ အာရေးဗီးယား(Saudi Arabia)နိုင်ငံ အနောက်ဖက်က၊ မက္ကာမြို့ကို အလည်ရောက်လာရေ လူတိ၊ အမေရီကန်ဒေါ်လာ ၁၈.၄၅ ဘီလီယံ သုံးခကတ်ပါရေ။ ပျမ်းမျှ လူ ၁ ယောက်စွာ၊ ၁ ရက်ကို အမေရီကန်ဒေါ်လာ ၁၃၅ လောက် သုံးခကတ်ပါရေ။

၃) လင်ဒင်မြို့(London)
အယင်နှစ်က လင်ဒင်မြို့ကို အလည်လာရေ လူတိ၊ အမေရီကန်ဒေါ်လာ ၁၇.၄၅ ဘီလီယံ သုံးခကတ်ပါရေ။ ဥရောပတိုက်မှာ လင်ဒင်မြို့က၊ နိုင်ငံခြားသားတိ ဖေသာ အသုံးဆုံးမြို့အဖြစ် ရှိနိန်ပါရေ။

၄) ဆိန်ကာပူ(Singapore)
တမြို့တည်းနန့် တနိုင်ငံ ဖြစ်နိန်ရေ ဆိန်ကာပူ မြို့ပြနိုင်ငံက၊ ကဗာမှာ လေးနိုင်ငံမြောက် ညအိပ် နိုင်ငံခြားသားတိ ဖေသာ အများဆုံး သုံးရေ မြို့ပါ။ အယင်နှစ်က ညအိပ် နိုင်ငံခြားသားတိ အမေရီကန်ဒေါ်လာ ၁၇.၀၂ ဘီလီယံ သုံးခကတ်ပါရေ။ အာရှ-ပစိဖိတ်ဒေသမှာ ဆိန်ကာပူနိုင်ငံက ဒုတိယ နိုင်ငံခြားသား အများဆုံး လည်ပတ်တေ မြို့တော် ပါ။ ဆိန်ကာပူက ကကောင်း အဆင်ပြေရေ လမ်းပန်းဆက်သွယ်ရေးစနစ်က၊ နိုင်ငံ့ဘဏ္ဍာရေး အသုံးစရိတ် ၄.၆ ရာခိုင်နှုန်းကိုရာ သုံးထားရေလို့ ဆိုပါရေ။

၅) ဘန်ကော့ခ်မြို့(Bangkok)
ကဗာမှာ နိုင်ငံခြားသားတိ အလည်ပတ်ဆုံး မြို့တော် ဘန်ကော့ခ်ကို၊ အယင်နှစ်က နိုင်ငံခြားသား ၂၀.၀၅ သန်း အလည် ရောက်ခကတ်ကေလည်း၊ သုံးခကတ်တေ ဖေသာ ပမာဏက ဒူဘိုင်းမြို့တော်မှာ သုံးခကတ်တေ ပမာဏ တဝက်ရာ ရှိစွာကို လားတွိရပါရေ။ ယကေလည်း ၂၀ၑ၈ ခုနှစ်မှာ ဖေသာ ၁၃.၈ ရာခိုင်နှုန်း ပိုသုံးခကတ်စွာကို တွိရရေလို့ ဆိုပါရေ။

၆) နယူး ယော့ခ်မြို့(New York)
အယင်နှစ်က အမေရီကန်ပြည်ထောင်စုက နယူး ယော့ခ်မြို့တော်ကို ညအိပ် နိုင်ငံခြားသား ၁၃.၁၃ သန်း အလည် ရောက်ခကတ်ပနာ၊ ဖေသာ အမေရီကန်ဒေါ်လာ ၁၆.၁၀ ဘီလီယံ သုံးခကတ်တေလို့ ဆိုပါရေ။ ပျမ်းမျှ ၈.၃ ရက်ထိ လည်ခကတ်ပနာ၊ တရက်ကို ပျမ်းမျှ အမေရီကန်ဒေါ်လာ ၁၄၇ စီ သုံးခကတ်တေလို့ ဆိုပါရေ။

၇) ပဲရဲ့စ်(Paris)
ပြင်သစ်နိုင်ငံက အချစ်မြို့တော် ပဲရဲ့စ်မြို့က၊ ကဗာမှာ တတိယမြောက် နိုင်ငံခြားသား အလည်ပတ်ဆုံး မြို့တော် ဖြစ်ပနာ၊ အယင်နှစ်က နိုင်ငံခြားသား ခရီးသည် ၁၇.၄၄ သန်း လည်ပတ်ခကတ်ပါရေ။ ပျမ်းမျှ ၂.၅ ရက် နိန်ကတ်ပနာ၊ တရက်ကို အမေရီကန်ဒေါ်လာ ၃၀၁ လောက် သုံးခကတ်တေလို့ ဆိုပါရေ။ ဖေသာသုံးနှုန်းက ၂၀၁၈ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်း တိုးလာရေလို့ ဆိုပါရေ။

နောက် ဖေသာ အများဆုံး သုံးခကတ်တေ နံပါတ် ၈ မြို့က စပိန်နိုင်ငံက ပါးလမာ ဒီ မာလော်ကာ(Palma de Mallorca)မြို့ (အမေရီကန်ဒေါ်လာ ၁၁.၉၆ ဘီလီယံ သုံးခကတ်)၊ နံပါတ် ၉ မြို့က ဂျပန်နိုင်ငံ တိုကျို(Tokyo)မြို့ (အမေရီကန်ကန်ဒေါ်လာ ၁၁.၉၁ ဘီလီယံ သုံးခကတ်)နန့် ထိုင်းနိုင်ငံ ဖူးကတ်(Phuket)မြို့ (အမေရီကန်ဒေါ်လာ ၁၀.၄၆ ဘီလီယံ သုံးခကတ်)ရို့ ဖြစ်ကတ်ပါရေ။